သာသနာရေး ဦးစီးမှူး

March 12, 2021

CDM လုပ်သည့် ခန္တီးခရိုင်သာသနာရေး ဦးစီးမှူးအပါအဝင် ဝန်ထမ်း ၄ ဦးအလုပ်မှရပ်နားခံရ

အာဏာဖီဆန် CDM လှုပ်ရှာမှုမှာပါဝင်တဲ့  စစ်ကိုင်းတိုင်း ခန္တီးခရိုင်သာသနာရေးဦးစီးအပါအဝင် ဝန်ထမ်း ၄ ဦးကို အလုပ်တာဝန်မှ မတ်လ ၁၀ ရက်နေ့မှာ ရပ်နားခံရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

“အခု ကျမတို့ကို အလုပ်ကနေ ရပ်နားခံရလိုက်ပါတယ်။ ကျမတို့က စစ်အာဏာသိမ်း လက်အောက်မှာ အလုပ်မလုပ်နိုင်တဲ့အတွက် CDM လုပ်ခဲ့တာပါ။ အလုပ်က ထွက်တာ မဟုတ်ပါဘူး။ ပြည်သူတင်မြှောက်တဲ့အစိုးရတက်လာမှ အလုပ်လုပ်ဖို့ CDM ပြုလုပ်ခဲ့ပါ။ မနေ့ကဘဲ ကျမတို့ စာထွက်လာတယ်။ အလုပ်တာဝန်မှ ယာယီရပ်နားလိုက်ဆိုတဲ့အကြောင်း ခန္တီးခရိုင် သာသနာရေးဦးစီးမှူး ဒေါ်မြတ်မွန်လင်းက ပြောပါတယ်။ ကျမတို့က အလုပ်ထွက်တာ မဟုတ်တဲ့အတွက် အခုလိုတာဝန်မှရပ်နားခံတာကို ILO ကို စာပို့သွားမယ်”လို့ ပြောပါတယ်။

ခန္တီးခရိုင်သာသနာရေးဦးစီးမှူး ဒေါ်မြတ်မွန်လင်း၊ ဒုဦးစီးမှူးဒေါ်ဇာဇာလေး၊ ဦးကွီးပိုင်၊  ဦးဒီပတို့ဟာ အာဏာသိမ်းပြီး ၇ ရက်မြောက်နေ့မှာ CDM ပြုလုပ်ခဲ့ပါတယ်။

2 years Ago
Up