သာယာဝတီမြို့နယ်တွင်

January 13, 2017

သာယာဝတီမြို့နယ်တွင် တရားမ၀င် ပိတောက်သစ်တုံးများ ဖမ်းမိ

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ ရန်ကုန်- ပြည် ကားလမ်းပေါ်မှာ ဒီနေ့မနက် ၈ နာရီလောက်က တရားမ၀င် တင်ဆောင်လာတဲ့ ပိတောက် သစ်တုံးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်အောင်နိုင်ထွန်းဦးစီးတဲ့ ပူပေါင်းအဖွဲ့အနေဟာ တရားမ၀င် သစ်တွေ တင်ဆောင်လာတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ သီဟိုဠ်မြိုင်ရပ်ကွက် နေသူ ယာဉ်မောင်း နိုင်လင်းဦး မောင်းနှင်လာသော 1C- 3046 NISSAN ၁၂ ဘီးယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ တရားမဝင်ပိတောက်သစ်တုံး ၅ တန်လောက်ကို စစ်ဆေးတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖမ်းဆီးရရှိတဲ့ တရားမဝင်ပိတောက်သစ်တုံးတွေကို အသေးစိတ်တိုင်းတာစစ်ဆေးနိုင်ဖို့ မြို့နယ်သစ်တောဦးစီးဌာနဖို့ ပို့ဆောင်ထားပြီး သစ်တောဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ သတင်း-ဝဏ္ဏထွန်း
5 years Ago
Up