သာယာဝတီခရိုင်

March 1, 2019

သာယာဝတီခရိုင်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲပြုလုပ်

ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးစားနေတာကို ကြိုဆိုထောက်ခံတဲ့ လူထုဆန္ဒပြပွဲကို ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်မှာ ကျင်းပပါတယ်။ ထောက်ခံကြိုဆိုပွဲကို  ဦးဆောင်သူ ဦးထွန်းဝင်းက “ပြည်သူလူထုအားလုံးရဲ့ သဘောဆန္ဒနဲ့အညီ ပါဝင်နိုင်တဲ့ အခြေခံဥပဒေဖြစ်ဖို့လိုတယ်။ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အခြေခံဥပဒေဖြစ်ဖို့လိုတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက အသက်တမျှ အရေးကြီးတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးစားနေတာကို ကျနော်တို့ ပြည်သူတွေက ထောက်ခံကြိုဆိုတာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ လူထုဆန္ဒပြပွဲမှာ သာယာဝတီခရိုင်ရှိ ကျေးရွာတွေက ပြည်သူတွေ၊ အနှေးယာဉ် လုပ်သားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပရဟိတအဖွဲ့တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေ ပါဝင်ပြီး ဆိုင်ကယ်တွေ၊ ကားတွေ၊ မြင်းတွေနဲ့ သုံးဆယ်မြို့ နာရီစင်လမ်းမကနေ  သာယာဝတီမြို့အထိ ချီတက်ခဲ့ကြပါတယ်။ သတင်း-မေသွယ်
2 years Ago
Up