သာစည်မြို့နယ်

July 9, 2020

သာစည်မြို့နယ် ကျွဲတပ်ဆုံဂိတ်တွင် သိန်းပေါင်း ၁၁၀၀ကျော် တန်ဖိုးရှိ ဘိန်းမည်းများဖမ်းမိ

မန္တလေးတိုင်း၊ သာစည်မြို့နယ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ ဇူလိူင် ၈ ရက်က Hijet ကားနောက်ခန်းအမိုးမှာ အံဝှက်ပြုလုပ်သယ်ဆောင်လာတဲ့ သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းမည်းတွေ ဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်းရဲအရာရှိတဦးက ပြောပါတယ်။ "ဟုတ်ပါတယ်၊ မြို့မရဲစခန်းမှာပဲ အမှုဖွင့်ထားပါတယ်၊ ကွင်းဆက်တရားခံကိုတော့ စုံစမ်းနေဆဲပါ။" ဘိန်းမည်း ၁ ထုပ်ကို အလေးချိန် ၁ ဒသမ ၆၃ ကီလိုဂရမ်ရှိပြီး ဘိန်းမဲ ၄၉ ထုပ် ဖမ်းမိခဲ့တာဖြစ်ပြီး ကာလတန်ဖိုး ၁၁၉၈ သိန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။  မူးယစ်ဆေးတွေနဲ့ ဖမ်းမိတဲ့ ဖယ်ခုံမြို့နေ ယာဉ်မောင်း မြင့်ဝင်းနဲ့ ဘေးခုံမှာ လိုက်လာတဲ့ မိုးဗြဲရွာနေ သားဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေ ပုဒ်မ ၁၉(က)/၂၀(က)/၂၁ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
12 months Ago

March 6, 2020

သာစည်မြို့နယ်မှာ စိတ်ကြွဆေးပြား ၄ သိန်းခန့်နှင့်အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ

မန္တလေးတိုင်း သာစည်မြို့နယ်မှာ စိတ်ကြွဆေးပြား ၄ သိန်းလောက်နဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ သာစည်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ည ၁၂ နာရီလောက်က တောင်ကြီးဘက်ကလာတဲ့ မော်တော်ယာဉ်တွေကို Mobile X-Ray ရိုက်စက်နဲ့ စစ်ဆေးနေစဉ် သုတဆွေ (ခ) ဘိုဘို မောင်းနှင်ပြီး ကောင်းစံဦး(ခ)ကျားကြီး နဲ့ ရဲပိုင်စိုးတို့ လိုက်ပါလာတဲ့ 9J-×××× ခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ယာဉ်ဝဲဘက်ခြမ်းဝမ်းဗိုက်အတွင်းရှိ ထောပတ်ပဲအိတ် ၄ အိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်တဲ့ ထုပ်ထားတဲ့ စိတ်ကြွဆေးပြား ၃၈၀၃၂၉ ပြားနဲ့ ICE ၁ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူထားတယ်လို့ သိရပါတယ်။
1 year Ago
Up