သာစည်-တောင်ကြီးလမ်းတွင် ကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများဖမ်းမိ

October 1, 2017

သာစည်-တောင်ကြီးလမ်းတွင် ဘိန်းစိမ်းများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သာစည်-တောင်ကြီးလမ်း အမှတ်(၅၉)သစ် စက်ရှေ့ စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁နာရီခွဲက အမည်းရာင် ဘိန်းစိမ်း ကျပ် ၅၄ သိန်းဖိုး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၁၈)မှ ရဲအုပ် တင်ထွန်းလင်းအောင်နဲ့ သာစည်မြို့နယ်ရဲ တပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့က အမှတ်(၅၉)သစ်စက်ရှေ့က တောင်ကြီးဘက်က ဆင်းလာတဲ့ ယာဉ်တွေကို ရှာဖွေနေစဉ် ဇော်မင်းမောင်းပြီး နောက်ခုံမှာ နိုင်စိုးလင်း လိုက်ပါလာတဲ့ ဆိုင်ကယ်ကို တားမြစ်ရာ မရပ်ဘဲ ထွက်ပြေးမောင်းသွားလို့ လိုက်လံဖမ်းဆီးရာ ကျွဲတပ်ဆုံရွာ သုဿန်အနီးမှာ ဇော်မင်းကိုဖမ်းမိပြီး နိုင်စိုးလင်းမှာ လွယ်ထားသော ကျောပိုးအိတ်ပစ်ချ ထွက်ပြေးပါတယ်။ ပစ်ချသွားတဲ့ ကျောပိုးအိတ်ထဲမှာ အလေးချိန် ၃ ဒသမ ၆ ကီလိုဂရမ်ရှိတဲ့ အမည်းရောင်ဘိန်းစိမ်းထုပ်ကို သိမ်းဆည်းရမိပြီး ဇော်မင်းကို စစ်ဆေးမေးမြန်းရာ စပ်တူရောင်းချဖို့ အောင်ပန်းဘက်က ဝယ်ခဲ့တယ်လို့ သိရပါတယ်။ ဒုရဲအုပ်မောင်မောင်ဝင်းက “ထွက်ပြေးသွားတဲ့ နိုင်စိုးလင်းကို အမြန်ဖမ်းမိရေး လုပ်ဆောင်နေပါတယ်။ ကွင်းဆက် ဆက်စပ်မှုတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်။ ဖမ်းမိထားတဲ့ ဘိန်စိမ်းတွေကို ၅၄ သိန်း တန်ဖိုး သင့်ထားတယ်” လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက ဇော်မင်းနဲ့ နိုင်စိုးလင်းကို မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ လက်ဝယ်ထားရှိမှု၊ သုံးစွဲမှု၊ ဖြန့်ဖြူးရောင်းချမှု ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

September 15, 2017

သာစည်-တောင်ကြီးလမ်းတွင် ကျပ် ၁၄၄ သိန်း တန်ဖိုးရှိ ပိုင်ရှင်မဲ့ ဘိန်းစိမ်းများ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-တောင်ကြီးလမ်း လမ်းတံတား ဆောက်လုပ်ရေး ကျောက်ခွဲစက်အနီး စက်တင်ဘာ ၁၄ ရက် မနက် ၁၀ နာရီခွဲက ခဲရောင်ပလတ်စတစ်ပုံးထဲ ထည့်ပြီး ချုံပုတ်ထဲမှာ ကျပ် ၁၄၄ သိန်းတန်ဖိုးရှိ ပိုင်ရှင်မဲ့ ဘိန်းစိမ်းထုပ်  တွေ ရှာဖွေတွေ့ရှိပါတယ်။ ဖြစ်စဉ်မှာ သာစည်-တောင်ကြီးလမ်းမှာ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု ရဲအုပ်လင်းထွန်း တပ်ဖွဲ့၊ သာစည်မြို့နယ် ရဲတပ်ဖွဲ့နဲ့ သက်သေတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ ယာဉ်တွေကို ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ ကျောက်ခွဲစက်တာဝန်ခံ ဦးခင်မောင်သင်းက “လူတယောက် ချုံပုတ်ထဲကို ပစ္စည်းဝှက်နေတာ မြင်ရတယ်” ဆိုပြီး စစ်ဆေးရေးအဖွဲ့ကို သတင်းပေးပါတယ်။ သာစည်မြို့မရဲစခန်းက “ချုံပုတ်ထဲ  ရှာဖွေတဲ့အခါ ခဲရောင်ပလတ်စတစ်ပုံးကို ဘေးဘက်တွင် အပေါက်ဖောက်ပြီး အမည်းရောင် ဘိန်းစိမ်းထုပ် ၈ ထုပ် ထည့်ကာ ခဲရောင်တိပ်ပတ်ပြီး ပြန်ပိတ်ထားတဲ့ ပလတ်စတစ်ပုံးကို တွေ့ရှိရပါတယ်။ ဘိန်းစိမ်း ၁ ထုပ်ကို ၁ ဒသမ ၂ ကီလိုဂရမ် အလေးချိန်ရှိပြီး စုစုပေါင်း ၈ ထုပ်ကို ၉ ဒသမ ၆ ကီလိုဂရမ်ရှိပါတယ်။ ကာလတန်ဖိုး ကျပ် ၁၄၄ သိန်းဖိုး ရှိတယ်” လို့  ပြောပါတယ်။ ဒုရဲအုပ်မောင်မောင်ဝင်းက “ဦးခင်မောင်သင်း မြင်ရတဲ့ လူပုံစံက ကုလားဆင်ပုံလို့ ပြောတယ်။ စစ်ဆေးရေးအဖွဲ့ကို မဖြတ်ရဲလို့ ချုံပုတ်ထဲ လာပစ်သွားတာ ဖြစ်မယ်။ အမြန်ဆုံး ဖမ်းမိဖို့ လုပ်နေပါတယ်”လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောဥပဒေ လက်ဝယ်ထားရှိမှု ပုဒ်မ ၁၉(က) ၊ အမှုအမှတ် မယ(ပ)၂၀/၂၀၁၇ နဲ့ အမှုဖွင့်ထားပါတယ်။
4 years Ago
More News
Up