သာစည်-ရပ်စောက်

October 13, 2018

သာစည်-ရပ်စောက် မီးရထားလမ်း မိုးများပြီး တောင်ပြိုကျမှုကြောင့် လမ်းပိတ်နေ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်က သာစည်-ရပ်စောက် မီးရထားလမ်း မိုင်တိုင် ၃၄၅/၁၅ နဲ့ ၁၆ အကြား မိုးများပြီး တောင်ပြိုကျလို့ လမ်းပိတ်သွားတယ်လို့ သာစည်မီးရထားဌာနက ပြောပါတယ်။ ယင်းမာပင်ဘူတာရုံပိုင်ကြီးက “တောင်ပြိုပြီး မီရထားလမ်း ပိတ်သွားတယ်။ အမြန်ဆုံး ပြန်ပွင့်အောင် လုပ်နေပါတယ်။ ဒီနေ့တော့ ရထားသွားလို့ ရနိုင်ပါတယ်။ လယ်ပြင်နဲ့ လွန်းထိုးဘူတာကြားမှာ ဖြစ်တာပါ” လို့ ပြောပါတယ်။ ခရီးသည်တွဲ ၃ တွဲပါတဲ့ မီးရထား စက်ခေါင်းအမှတ် ၁၆၁၂ မီးရထား ရပ်စောက်ဘက်ကိုအလာမှာ တောင်ပြိုပြီး ရထားလမ်းပိတ်နေလို့ လယ်ပြင်ဘူတာဘက် ပြန်မောင်းခဲ့ရပါတယ်။ အဲဒီမီးရထားမှာ ခရီးသည် ၁ဝဝ လောက် ပါလာတယ်လို့ မီးရထားစီးခရီးသည်တဦးက ပြောပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago

July 13, 2017

သာစည်-ရပ်စောက် ရထားပေါ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦး ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-ရပ်စောက်ရထား တွဲအမှတ် ၁၀၈၄၃ အထက်တန်းတွဲမှာ ဇူလိုင်လ ၁၁ ရက် ည ၈ နာရီက ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား ၁၉၂ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းတမာပင် ရဲစခန်းက ပြောပါတယ်။ ရပ်စောက်ဘက်က ဆင်းလာတဲ့ ရထားကို ဘုရားငါးဆူးနဲ့ယင်းမာပင်ကြားရာ ခုံအမှတ် A8 နဲ့ D6မှာ ထိုင်လာတဲ့ သူရကျော်(ခ)ဇင်လှိုင် နဲ့ ဇနီးဖြစ်သူ မဝင်းမာထွေး တို့နှစ်ဦးဆီက ရှာဖွေသိမ်းဆည်း ရမိခဲ့တာပါ။ ဒုရဲအုပ်ချစ်ကိုကို က “မူးယစ်တပ် ဖွဲ့က ရဲအုပ်ခွန်အောင်ကိုကို နဲ့ပူးပေါင်းဖမ်းပါတယ်။ ပင်နဆလင်ပုလင်းနဲ့ ဘိန်းဖြူ ၀ ဒသမ ၁ ဂရမ်၊ စိတ်ကြွဆေးပြား ၂၉၉၃ ပြား၊ ဆေးခြောက် ၆ ကီလိုဂရမ်၊ အဝါရောင်ဘိန်းဖြူမှုန့် ၅ ဂရမ်ဖမ်းမိတယ်။  ကာလတန်ဖိုး ၂၉၂သိန်း ၆ သောင်း ၅ ထောင်ဖိုး ဖမ်းမိပါတယ်” လို့ ပြောပါတယ်။ ယင်းမာပင်ရွာ ရဲစခန်းက သူရကျော်(ခ)ဇင်လှိုင် နဲ့ ဇနီးဖြစ်သူ မဝင်းမာထွေး တို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ပုဒ်မ သုံးစွဲ/လက်ဝယ်ထား/ရောင်းချ/ထုတ်ဖြန့် ၁၅/၁၉-က/၂၀-က/၂၁ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up