သာကောင်းရွာ

May 5, 2021

ဂန့်ဂေါ၊ သာကောင်းကျေးရွာတွင် အကြမ်းဖက်ရဲတပ်ဖွဲ့က ပစ်ခတ်သဖြင့် လူငယ် ၁ ဦးကျဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာကောင်းကျေးရွာ အ.ထ.က(ခွဲ) စာသင်ကျောင်းမှာ မေလ ၄ ရက် မနေ့က စစ်ကျွန်ပညာရေးစနစ်ကို မလိုလားလို့ ဆန္ဒထုတ်ဖော်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရွာခံပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ပစ်လို့ လူငယ်တယောက် ကျဆုံးသွားပါတယ်။

ကန်ရဲစခန်းက လက်နက်ကိုင်ရဲတွေက ကျည်အစစ်နဲ့လာရောက်လူစုခွဲပစ်ခတ်တာကြောင့် အသက် ၁၉ နှစ်အရွယ် မောင်ငြိမ်းချမ်းလွင် (ခ)သားသေးမှာ ရင်ဘတ်နဲ့ လက်၊ ဆီးခုံအပါအဝင် ကျည် ၆ ချက်ထိ ကျဆုံးခဲ့တာဖြစ်ပြီး တခြားဒဏ်ရာရသူတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

7 months Ago
Up