လီဗာပူးအသင်းအနေနဲ့ ဂိုးတွေပိုရသင့်ပေမယ့်လည်း ဘရန့်ဖို့ဒ်အသင်းက သရေရလဒ်နဲ့ထိုက်တန် တဲ့ အသင်းဖြစ်တယ်လို့ နည်းပြကလော့ပ်က ချီးကျူးပါတယ်။
တန်းတက်ဘရန့်ဖို့ဒ်အသင်းဟာ အိမ်ကွင်းမှာ လီဗာပူးအသင်းကို အပြိုင်ဂိုးသွင်းပြီး ၃ ဂိုးစီ သရေကစားနိုင်ခဲ့တာပါ။
ဘရန့်ဖို့ဒ် အသင်းဟာ တိုက်ရည်ခိုက်ရည်အပြည့်နဲ့ ကစားသွားခဲ့လို့ လေးစားပြီး သရေရလဒ်က ထိုက်တန်မှုရှိကြောင်း၊ လီဗာပူးအသင်းအနေနဲ့ အဝေးဘောတွေမှာ အဆင်မပြေခဲ့ပေမယ့် ဂိုးပိုမိုရရှိသင့်ကြောင်း ကလော့ပ်က ပွဲအပြီးမှာ သုံးသပ်ခဲ့တာပါ။
ဆာလာအနေနဲ့ လီဗာပူးသမိုင်းမှာ သွင်းဂိုး ၁ဝဝ ဂိုး အမြန်ဆုံးပြည့်တဲ့ကစားသမားဖြစ်ပေမယ့် အခွင့်အရေး ၂ ကြိမ်လွဲချော်ခဲ့တာကို အဝတ်လဲခန်းထဲမှာ ပြန်လည်တွေးတောနေလိမ့်မယ်လို့ လည်း နည်းပြကလော့ပ်က ပြောပါတယ်။
ဘရန့်ဖို့ဒ်နည်းပြ သောမက်စ် ဖရန့်ခ်ကတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်းနဲ့ လီဗာပူးလို အသင်းကို ၃ ဂိုးသွင်းနိုင်တဲ့အသင်းရှိလားဆိုတာ မမှတ်မိကြောင်း ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။