သရေပွဲ

October 4, 2020

လိဒ်ယူနိုက်တက်နှင့်သရေပွဲ မျှတသည့်ရလဒ်ဟု မန်စီးတီးနည်းပြပြော (ရုပ်သံဟိုက်လိုက်)

လိဒ်ယူနိုက်တက်နဲ့ တစ်ဂိုးစီသရေကျခဲ့ပေမယ့် မျှတဲ့ ရလဒ်ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။  မန်စီးတီးအသင်းဟာ တန်းတက် လိဒ်ယူနိုက်တက်ကို  စတာလင်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၉ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ရိုဒရီဂိုက ချေပဂိုးပြန်သွင်းခဲ့တာပါ။ ၂ သင်းစလုံးက တိုက်စစ်ကို ဦးစားပေးကစားခဲ့ကြလို့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး မျှတတဲ့ ရလဒ်ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  ပထမပိုင်း နာရီဝက်လောက်အထိ ထူးချွန်စွာ ကစားနိုင်ခဲ့ပေမယ့် ရသင့်တဲ့ ဂိုးတွေ မရခဲ့ကြောင်း၊ ကစားသမားတွေအနေနဲ့ နောက်ဆုံးအချိန်အထိ အနိုင်ရဖို့ ကြိုးပမ်းခဲ့ကြောင်းနဲ့ ရာသီကြိုကာလမှာ လူမစုံခဲ့တာကြောင့် လေ့ကျင့်ပြင်ဆင်ရမှာ အခက်အခဲရှိခဲ့ကြောင်း နည်းပြ ဂွါဒီယိုလာက ပွဲအပြီးမှာပြောပါတယ်။  လိဒ်ယူနိုက်တက်နည်းပြ ဘီယယ်ဆာကတော့ ခက်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ပွဲချိန်အများစုမှာ မန်စီးတီးအသင်းက ထိန်းချုပ်ကစားခဲ့ကြောင်း၊ သရေကျခဲ့ပေမဲ့ ရှုံးနိမ့်သွားတာမျိုးဖြစ်နိုင်သလို အနိုင်ရနိုင်တဲ့ အခွင့်အရေးတွေလည်း ရခဲ့တယ်လို့ ပြောပါတယ်။ 
7 months Ago
Up