သရေကျပြီး

November 4, 2019

စပါး သရေကျပြီး လက်စတာ နိုင်ပွဲဆက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရလဒ်တွေ မကောင်းလို့ ရုန်းကန်နေရတဲ့ စပါးအသင်း သရေကျပြီး လက်စတာ အနိုင်ရသွားပါတယ်။  စပါးအသင်းက အဲဗာတန်အသင်းကို ၆၃ မိနစ်မှာ ကွင်းလယ်သမား အလီ သွင်းတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၇၉ မိနစ်လောက်မှာ တိုက်စစ်မှူး ဆွန်ဟိုမင်း အနီကတ်နဲ့ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ အိမ်ရှင် အဲဗာတန်အတွက် ချေပဂိုးကို ပွဲပြီးကာနီးမှာ တိုဆန်က သွင်းယူပါတယ်။  လက်စတာအသင်းကတော့ အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။  လက်စတာအတွက် ဦးဆောင်ဂိုးကို ဆန်ရန်ခူး၊ ဒုတိယဂိုးကို တိုက်စစ်မှူး ဗာဒီက သွင်းယူပါတယ်။  ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ လက်စတာက ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၃၊ ပဲလေ့စ်က ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၉၊ စပါးက ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၁၊ အဲဗာတန်က ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၇ မှာ အသီးသီး ရပ်တည်နေပါတယ်။
2 years Ago
Up