သရုပ်ဖော်ပုံ

A d v e r t i s e m e n t With Us

April 5, 2020

COVID-19 ဗိုင်းရပ်စ်ပိုး သရုပ်ဖော်ပုံဖြင့် နေပြည်တော်တွင် ကျန်းမာရေး အသိပညာပေး (ရုပ်သံ)

COVID 19 ဗိုင်းရပ်စ်ပိုး သရုပ်ဖော်ပုံနဲ့ နေပြည်တော်မှာ ကျန်းမာရေး အသိပညာပေးမှုတွေ လိုက်လံ လုပ်ဆောင်နေပါတယ်။ “ဒီရောဂါပိုးကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အသိပညာပေး သီချင်းတွေနဲ့ ပြီးတော့ ကားနောက်မှာ လက်တွေ့ကျန်းမာရေးအတွက် လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးတွေကို ထားရှိပြီးတော့ အသိပညာပေးတာ ဖြစ်ပါတယ်။ တတ်နိုင်သလောက် Mask တွေ ဝေငှတာတွေလည်း လုပ်ပါတယ်” လို့ ပျဉ်းမနားညီအစ်ကိုများအဖွဲ့မှ ကိုကျော်မင်းထွန်းက ပြောပါတယ်။ မနေ့ကတော့ ပျဉ်းမနားမြို့မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီ ၄ ရက်နေ့မှာတော့ ဝန်ထမ်း အိမ်ရာတွေနဲ့ မြို့မစျေးမှာ လိုက်လံပြသ အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
11 months Ago
Up