ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်ချိန်မှာ အဆုတ်ကို ဘယ်လိုဒုက္ခပေးလဲဆိုတာကို ဆရာဝန်တွေ အသေးစိတ်နားလည်အောင် 3D မိုဒယ်က သရုပ်ပြပေးပါတယ်။
ဘဲဖတ်စ်ကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှုအဖွဲ့ Axial3D ကုမ္ပဏီက Formlabs 3D printers တွေသုံးပြီး လူနာတစ်ဦးရဲ့ CT scan ကနေ တကယ့် အဆုတ်အရွယ် မိုဒယ်ကို ပုံဖော် ဖန်တီးထားတာပါ။
မိုဒယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဝင်တဲ့ ၁၄ ရက်အတွင်း အဆုတ်ရဲ့ဖြစ်ပျက်ပုံကို ပြသပြီး ဒီမိုဒယ်ကို ခွဲစိတ်စီမံကိန်းတွေမှာ အသုံးချသွားမှာပါ။
CT scan ထဲက လူနာဟာ အသက်ရှင်ခဲ့ပေမယ့် သူရဲ့အဆုတ်ဟာ ဗိုင်းရပ်စ်ကြောင့် ကာလရှည် ပျက်စီးနိုင်ပါတယ်။
မိုဒယ်ထဲမှာဆိုရင် အသက်ရှူလမ်းကြောင်းမှာ ရှိနေတဲ့ အဝါရောင် ယောင်ရမ်းနေတဲ့ ပြည်တွေနဲ့အမာရွတ်ထင်နေတဲ့ တစ်ရှူးတွေကို မြင်ရပြီး အဲဒါတွေက လူနာသွေးထဲကို အောက်ဆီဂျင် ရှူသွင်းတာကို တားဆီးပါတယ်။
မိုဒယ်အဆုတ်တစ်စုံကို အပိုင်း ၈ ပိုင်း ခွဲထားပြီး ကူးစက်မှု ဘယ်လောက် ပြင်းထန်လဲ ဆိုတဲ့အမြင် အသီးသီးကို ပေးစွမ်းပါတယ်။
နောက်ပြီး ဗိုင်းရပ်စ်ကို တမူထူးခြား မြင်နိုင်စွမ်းရှိကာ အဲဒီဗိုင်းရပ်စ်က လူနာရဲ့ အဆုတ်ကို ဘယ်လို ထိခိုက်စေလဲ ဆိုတာကိုပါ သိနိုင်ပါတယ်။
ကိုဗစ်-၁၉ ရောဂါရဲ့ပြင်းထန်မှုကို သိသာထင်ရှားစေဖို့ ဒီမိုဒယ်ကို ပြည်သူ့ကျန်းမာရေး ထောက်ကူပြု နည်းလမ်း တစ်ရပ်အဖြစ်သုံးဖို့ Axial3D က မျှော်လင့်နေပါတယ်။
9 months Ago