သရုပ်ပြလေယာဉ်

May 18, 2020

ကနေဒါလေတပ် သရုပ်ပြလေယာဉ် ပျက်ကျ

ကနေဒါလေတပ်က စနိုးဘာ့ဒ်သရုပ်ပြလေယာဉ်အဖွဲ့ဝင် လေယာဉ်တစီးဟာ မေ ၁၇ ရက်က ကမ်လု(ပ်)စ် မြို့ ဗြိတိရှ် ကိုလံဘီယာပြည်နယ်ထဲမှာ ပျက်ကျခဲ့လို့ လေယာဉ်မှူး သေဆုံးပြီး နောက်တယောက် အပြင်းအထန် ဒဏ်ရာရတယ်လို့ တော်ဝင်ကနေဒါ လေတပ်က ပြောပါတယ်။  ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ အားလုံးကို ဆက်သွယ်ပြီးပြီဖြစ်ကြောင်းနဲ့ နောက်ထပ် သတင်းအချက်အလက်တွေကို ဆက်သွယ် ဖြေကြားပါမယ်လို့ လေတပ်က ပြောပါတယ်။  လေယာဉ် ၂ စီး ပျံအတက်မှာ ၁ စီးက ချက်ချင်း ဂျွမ်းပြန်ကျပြီး မြေပေါ် စိုက်ဆင်းခဲ့တာပါ။ လေယာဉ်မှူးက လေယာဉ်ထဲကနေ ခုန်ထွက် ပြီးပြီးချင်း လေယာဉ်က ပေါက်ကွဲခဲ့ပါတယ်။ လေယာဉ်ပေါက်ကွဲမှုကြောင့် လူနေအိမ်တလုံး ထိခိုက် မီးလောင်ခဲ့ပါတယ်။  သရုပ်ပြလေယာဉ်အုပ်ရဲ့ ပြည်သူ့ဆက်ဆံရေး အရာရှိဖြစ်သူ ဗိုလ်ကြီး ဂျနီဖာကေစီကတော့ လေယာဉ်ပျက်ကျချိန် သေဆုံးတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။  ဗိုလ်ကြီး ကေစီဟာ ၂၀၁၄ မှာ လေတပ်ကို ရောက်လာပြီး အရင်က ရေဒီယို သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနဲ့သတင်းကြေညာသူအဖြစ်လည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဒီမြို့မှာပဲ စနိုးဘာ့ဒ်လေကြောင်း အုပ်ဖွဲ့ပျံသန်းမှု သရုပ်ပြ လေယာဉ်တစီး ပျက်ကျလို့ တယောက်သေပြီး တခြားတယောက် ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
11 months Ago
Up