သရုပ်ဆောင် မြတ်ကေသီအောင်

September 9, 2020

သရုပ်ဆောင် မြတ်ကေသီအောင်က အကယ်ဒမီရွှေစင်ရုပ်တု ၂ ခုကို ရုပ်ရှင်သမိုင်းပြတိုက်သို့ လှူဒါန်း

       ဝါရင့်သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ မြတ်ကေသီအောင်က သူ့ရဲ့သ ရုပ်ဆောင်သက် တမ်းတလျှောက် ဆွတ်ခူးရရှိခဲ့တဲ့ အကယ်ဒမီရွှေစင်ရုပ်တု ၂ ခုကို မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။        ဒီအကြောင်းနဲ့ ပတ်သက်ပြီး မြတ်ကေသီအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ စက်တင်ဘာလ ၆ ရက်နေ့က ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။        “မချစ်လို့တော့ မဟုတ်ဘူးနော်… တွေဝေနေတာလား… နိုးပါ… နှမြောနေတာ လား… နိုးပါ… နောင်တရနေတာလား… နိုးပါ…ပျော်ရွှင်စွာနဲ့ စွန့်လွှတ်ခဲ့တာပါ… တန် ဖိုးဆိုတာ ကိုယ်တိုင်မြှင့်ပေးမှ ရမယ်ထင်လို့… သိပ်မြတ်နိုးတဲ့ အရာလေး ကိုယ်မရှိတော့ တဲ့တနေ့… မျက်နှာငယ်စွာနဲ့ ဘယ်မှာနေရမှန်းမသိ ဖြစ်နေမှာကိုမလိုလားလို့  သူ့အ တွက် ဂုဏ်ရှိမယ့် နေရာလေးတခုကို လှူလိုက်ပြီ… ထာဝရ တင့်တယ်ပါစေ ရွှေစင်ရုပ်ထု လေးရေ”        ဗွီဒီယိုနဲ့ ရုပ်ရှင်ကားကြီးပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့တဲ့ မြတ်ကေသီအောင်ဟာ ၁၉၉၉ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်အကယ်ဒမီဆုကို ရင်ထဲကဆောင်းရာသီဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။        အဲဒီနောက် ၂၀၀၅ ခုနှစ်အတွက် ချစ်ခြင်းဖွဲ့မေတ္တာ ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုး သမီးဇာတ်ပို့သရုပ်ဆောင်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up