သရုပ်ဆောင် ဂျိန်းဖောင်ဒါ

October 19, 2019

ရာသီဥတုဆိုင်ရာ ဆန္ဒပြပွဲအတွင်း သရုပ်ဆောင် ဂျိန်းဖောင်ဒါ အဖမ်းခံရ

အမေရိကန် လွှတ်တော်အဆောက်အအုံအနီး အောက်တိုဘာ ၁၈ ရက်နေ့က   ပြုလုပ်တဲ့ ရာသီဥတုဆိုင်ရာ ဆန္ဒပြပွဲအတွင်း သရုပ်ဆောင်နဲ့ တက်ကြွလှုပ်ရှားသူ  ဂျိန်းဖောင်ဒါ အဖမ်းခံခဲ့ရပါတယ်။ ရာသီဥတုဆိုင်ရာ  လူငယ်တက်ကြွလှုပ်ရှားသူတွေ လှုံ့ဆော်လို့ ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲမှာ ဂျိန်းဖောင်ဒါဟာ ပါဝင်ခဲ့ပြီး အဖမ်းခံရမယ်ဆိုတာကို အစောပိုင်းကတည်းက မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။  ဂျိန်းဖောင်ဒါဟာ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ဒုတိယမြောက် အဖမ်းခံရတာ ဖြစ်ပါတယ်။  ဗီယက်နမ် စစ်ဆန့်ကျင် ဆန္ဒပြပွဲတုန်းကလည်း သူဟာ အခုလို အဖမ်းခံရဖူးပါတယ်။  ဂျိန်းဖောင်ဒါဟာ တရားမဝင် ဆန္ဒပြပွဲမှာ ပါဝင်မှုနဲ့ အဖမ်းခံရတာဖြစ်ပြီး သတ္တုလက်ထိတ်အစား ပလက်စတစ်တွေ သုံးတဲ့အတွက် ပိုမိုနာကျင်တယ်လို့ သူက ပြောခဲ့ပါတယ်။  ဂျိန်းဖောင်ဒါနဲ့အတူ သရုပ်ဆောင်တဦးဖြစ်တဲ့ ဆမ်ဝေါ်တာစတန် အပါအဝင် သက်ကြီးပိုင်း အများအပြားပါတဲ့ ရာသီဥတုဆိုင်ရာ ဆန္ဒပြသူ   ၁၇ ယောက် ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။   ရိုက်တာသတင်းဌာနနဲ့ သီးခြားပြုလုပ်တဲ့ အင်တာဗျူးမှာ သူက ဆယ်ကျော်သက် ဂရက်သာလေးက ဒါမျိုးလုပ်နိုင်ရင် အဘွားအရွယ် သူကလည်း လုပ်နိုင်ပါတယ်လို့ ဖြေခဲ့ပါတယ်။  အော်စကာဆုရဖူးတဲ့ သရုပ်ဆောင်  ဂျိန်းဖောင်ဒါဟာ လာမယ့် ဒီဇင်ဘာ ၂၁  ရက်မှာ ၈၂- နှစ်ပြည့်မယ်လို့ သိရပါတယ်။
2 years Ago
Up