သရုပ်ဆောင်မိုးအောင်ရင်အမှု ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမည်

A d v e r t i s e m e n t With Us

August 31, 2020

သရုပ်ဆောင်မိုးအောင်ရင် ရုံးချိန်းပျက်ကွက် 

သရုပ်ဆောင်မိုးအောင်ရင် ရုံးချိန်းတွေပျက်ကွက်နေတာကြောင့် နှစ်ဖက်စလုံးအတွက် နစ်နာမှုတွေရှိနေတယ်လို့ တရားလို မခင်မြတ်နိုးက  ပြောပါတယ်။ ရန်ကင်းမြို့နယ်တရားရုံးမှာ၂၀ ကြိမ်မြောက်ရုံးချိန်းအဖြစ် သရုပ်ဆောင်မိုးအောင်ရင်အမှုကို စစ်ဆေးဖို့ချိန်းဆိုခဲ့ပေမယ့် မိုးအောင်ရင် ဆေးခွင့်ကိုယ်တိုင်လာရောက် တိုင်ကြားခဲ့တဲ့အတွက် ရုံးချိန်း မစစ်ဆေးဖြစ်ခဲ့ပါဘူး။  နောက်ရုံးချိန်းကို စက်တင်ဘာလ ၁၅ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပြီး သရုပ်ဆောင် မိုးအောင်ရင်ကို စစ်ဆေးသွားမှာပါ။  အခုအမှုကို ရက်ပေါင်း ၁၆၀ နဲ့အပြီးစစ်ဖို့ မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ထားပေမယ့် ကိုဗစ်အခြေအနေကြောင့် အမှုက မကြာသင့်ဘဲကြာနေရတယ်လို့ တရားလိုကပြောပါတယ်။ ဒါ့အပြင် မိုးအောင်ရင်ကလည်း ရုံးချိန်းတွေပျက်ကွက်နေတဲ့အတွက် နှစ်ဖက်စလုံး နစ်နာမှုတွေ ရှိနေပြီး အမြန်ဆုံးအမှုမှန်ပေါ်ကာ ပြီးပြတ်စေချင်ပြီလို့ ဆိုပါတယ်။  မိုးအောင်ရင်ကို ရန်ကင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ နဲ့ စွဲချက်တင် အမိန့်ချမှတ်ခဲ့တဲ့အပေါ် မိုးအောင်ရင်ဘက်က မကျေနပ်တဲ့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို ပြင်ဆင်ချက် လျှောက်ထားခဲ့ပါတယ်။ ဒီပြင်ဆင်ချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုခဲ့ပါတယ်။ 
6 months Ago

May 29, 2020

သရုပ်ဆောင်မိုးအောင်ရင်၏ အမှုပြင်ဆင်ချက် ခရိုင်တရားရုံးပလပ် 

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အမှုပြင်ဆင်ချက်ကို  ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင်တရားရုံးက ဒီကနေ့မှာ ပလပ်လိုက်ပါတယ်။  လင်မယားကဲ့သို့ ပေါင်းသင်းနေထိုင်ပြီး တရားဝင်လက်ထပ်မယ်လို့ ယုံကြည်စေကာ  ကာမကို လိမ်လည်ရယူခြင်း ဟုတ်မဟုတ်ဖြေ ရှင်းရန် အချက်ရှိတာကြောင့် မူလတရားရုံးရဲ့စွဲချက်ကို အတည်ပြုပြီး ပြင်ဆင်ချက်ကို ပလပ်ခဲ့တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ သရုပ်ဆောင်မိုးအောင်ရင်ကို သူ့ရဲ့ရည်းစားဟောင်းက ၂၀၁၉  နိုင်ဝင်ဘာ ၂၂ ရက်က  ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့  ဦးတိုက်လျောက်ထားတရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်မှာ တရားရုံးက ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့ပါတယ်။   ဒီအမှုကို ရန်ကင်းမြို့နယ်တရားရုံးက  နိုင်ငံတဝန်းမှုခင်းစီမံခန့်ခွဲမှုအရ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးရမှာဖြစ်ပါတယ်။  သရုပ်ဆောင်မိုးအောင်ရင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ အမှုမှာ  မည်သူမဆို ကာမလိမ်လည်မှု ကျူးလွန်ပါ ကထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ခင်ငြိမ်းချမ်း
9 months Ago
Up