အသက် ၁၂ နှစ်အရွယ် မက္ကဆီကန် ကလေးငယ်တဦးက သရီးဒီပရင်တာနဲ့ မျက်နှာကာတွေ လုပ်ပြီး ဆရာဝန်တွေကို လှူဒါန်းပေးနေပါတယ်။
အောဆာကာပြည်နယ်က ဟိုဂဲမာတီးနက်ဇ် ဆိုတဲ့ ကျောင်းသားလေးဟာ ကျောင်းပိတ်ချိန် ကာလကို အကျိုးရှိရှိ အသုံးချနေတာပါ။ သူဟာ မျက်နှာကာ အခု ၁၀၀ လုပ်ပြီး ပြည်နယ်တွင်းက ဆေးဘက်ဝန်ထမ်းတွေကို လှူဒါန်းထားပါတယ်။
မျက်နှာကာ လုပ်ရာမှာတော့ မာတီးနက်ဇ်က 3D printerကို သုံးပြီး မျက်နှာကာတခုကို ၄၅ မိနစ်ခန့် အချိန်ပေးရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရှိတဲ့ လူနာတွေကို ကုသရာမှာ သန့်ရှင်းရေး လုပ်ရလွယ်တာကြောင့် မျက်နှာကာတွေ သုံးကြဖို့ ကျန်းမာရေးကျွမ်းကျင်သူတချို့က ထောက်ခံပြောဆိုနေပါတယ်။
လက်ရှိ မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄၀၀၀ ကျော်ရှိပြီး ၃၃၂ ယောက် သေဆုံးခဲ့ပါတယ်။
ဧပြီ ၁၄ ရက် စာရင်းအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂ သန်းနီးပါးရှိလာပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
11 months Ago