သရီးဒီပရင့်

A d v e r t i s e m e n t With Us

April 8, 2020

အသက်ရှူအားကူစက် အစိတ်အပိုင်းများကို သရီးဒီပရင့်ဖြင့် တီထွင်နိုင်ရန် ကြိုးပမ်းနေ

အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း ဆေးရုံတွေမှာ အသက်ရှူအားကူစက် ပြတ်လပ်မှုကို ဖြေရှင်းဖို့ မျှော်လင့်နေပါတယ်။ ဒါကြောင့် အသက်ရှူအားကူစက်ရဲ့ အစိတ်အပိုင်းတွေကို သရီးဒီ ပရင့် နည်းပညာနဲ့ တီထွင်ဖို့ ကြိုးစားနေတာပါ။ အသက်ရှူအားကူစက်ကို မျှသုံးနိုင်မယ့် နည်းလမ်းဟာ လူနာတွေအတွက် ဘေးကင်းပါ့မလား၊ အပြန်အလှန် ကူးစက်ကုန်မလားဆိုတာ ဆေးဘက်ပညာရှင်တချို့က စိုးရိမ်ခဲ့တာပါ။ လူနာတယောက်စီရဲ့ အောက်စီဂျင်ပေးဖို့ လိုအပ်နှုန်းကလည်း တယောက်နဲ့ တယောက် မတူသလို ခန္ဓာကိုယ်ပုံစံနဲ့ အဆုတ်ပုံစံ မတူကြတာကြောင့် လိုအပ်သလောက် အောက်စီဂျင် မရမှာကို စိုးရိမ်ကြတာလည်း ဖြစ်ပါတယ်။ ဂျွန်ဟော့ပ်ကင်း သုတေသနပညာရှင်အဖွဲ့ကတော့ သူတို့ရဲ့ တီထွင်ထားတဲ့ ဒီဇိုင်းပုံစံဟာ စိုးရိမ်မှုတွေကို ဖြေဖျောက်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ “လူနာတယောက်ချင်းစီ လိုသလောက် အောက်စီဂျင်ရဖို့ ပုံစံကို ကျနော်တို့ ကြိုးစားထားပါတယ်”လို့ တီထွင်ရေးအဖွဲ့ဝင် စက်မှုအင်ဂျင်နီယာဌာန ပါမောက္ခ ဆွန်ဟွန်းခေါင်က ပြောပါတယ်။ သူတို့အဖွဲ့ဟာ လာမယ့်သီတင်းပတ်တွေမှာ အဆုတ်နမူနာ မော်ဒယ်လ်တွေနဲ့ စမ်းသပ်မှု စဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ စမ်းသပ်မှု အောင်မြင်ခဲ့ရင် သူတို့ဟာ အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ်စီမံရေး အဖွဲ့ရဲ့ အတည်ပြုချက်ရဖို့ လျှောက်ထားရမှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ သူတိုရဲ့ဒီဇိုင်းကို တခြားသူတွေ အသုံးပြုနိုင်စေဖို့ ပုံနှိပ်ဖြန့်ချိမယ်လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ပြောထားပါတယ်။
11 months Ago
Up