မကွေးတိုင်းဒေသကြီး သရက်မြို့အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အမျိုးသား ၂၀၃ ဦးနဲ့ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၂၃၁ ဦး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။
လွတ်မြောက်လာသူတွေကို သူတို့နေထိုင်ရာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ အောင်လံ၊ ဆင်ပေါင်ဝဲစတဲ့ ဒေသအသီးသီးကို သရက်မြို့ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီက ကားတွေနဲ့ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။
သတင်း-ဘဦး
10 months Ago