သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများနှင့် ကန့်ကွက်သူများ အပြန်အလှန် ဆန္ဒပြ

February 7, 2017

သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများနှင့် ကန့်ကွက်သူများ အပြန်အလှန် ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ သမ္မတ ထရမ့်ပိုင် ထရမ့်တာဝါ (Trump Tower) ရှေ့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က သမ္မတ ထရမ့်ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ အပြန်အလှန် ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ ထရမ့်ကို ထောက်ခံသူတွေက “သမ္မတ ထရမ့်ကို ဘုရားသခင် ကောင်းချီးပေးပါစေ၊ ငါတို့ကလေးတွေနဲ့ အမေရိကကို ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ပြောဆိုပြီး မျိုးချစ်သီချင်းတွေကို သီဆိုခဲ့ကြပါတယ်။ “သူက နိုင်ငံတချို့ကိုပဲ အတိအကျ တားမြစ်ခဲ့တာပါ။ ဒါက မွတ်စလင်တွေကို တားမြစ်တာ မဟုတ်ပါဘူး။ တားမြစ်ချက်ထဲမှာ ထည့်သွင်းသင့်တဲ့ ပါကစ္စတန်တွေကို မပိတ်ပင်ခဲ့ဘူး။ အီဂျစ် ဒါမှမဟုတ် ဆော်ဒီအာရေဗျ နိုင်ငံသားတွေကို မတားမြစ်ခဲ့ဘူး။ ဒါက တိကျတဲ့ နိုင်ငံရေးမူဝါဒတွေ မချမှတ်နိုင်ခင် ယာယီဖြေရှင်းမှုသာဖြစ်ပါတယ်” လို့ သမ္မတ ထရမ့်ကို ထောက်ခံသူတဦးက ကာကွယ်ပြောဆိုသွားပါတယ်။ လူငယ်တဦးကလည်း “ထရမ့်ကိုထောက်ခံသူ အမျိုးမျိုးရှိပါတယ်။ လက်တင်အမေရိကန်တွေ၊ အာရှသားတွေ၊ လူဖြူနဲ့ လူမည်းတွေ ပါဝင်ပါတယ်။ အခု ဒီမှာ အားလုံးရောက်နေပါတယ်။ ဒါက ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုကို ပြသတာပဲ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်အသစ် ယဉ်ကျေးမှုအသစ်တွေ မြင့်တက်လာပြီး ကျနော်က အဲ့ဒီအထဲကတဦး ဖြစ်ပါတယ်” လို့ ပြောပြသွားပါတယ်။ ထရမ့်ကို ဆန့်ကျင်သူတွေကတော့ သမ္မတထရမ့်ကို ဖက်ဆစ်ဝါဒီတဦးအဖြစ် စွပ်စွဲပြောဆိုကြောင်း ဒီကနေ့ နယူးယောက်ကဝင်လာတဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up