သမ္မတ ဦးဝင်းမြင့်

May 4, 2019

သမ္မတ ဦးဝင်းမြင့် မြိတ်မြို့ သဘာဝငှက်သိုက်အိမ်ကို သွားရောက်လေ့လာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မေလ ၄ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်း မြိတ်မြို့ကို ရောက်ရှိခဲ့ပြီး သဘာဝငှက်သိုက်အိမ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ သမ္မတနဲ့အစိုးရအဖွဲ့ဟာ မြိတ်မြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ပထက်ကျွန်းပေါ်က ရွှေသာလျောင်းဘုရားကို သွားရောက်ဖူးမျှော်ခဲ့ကြီးတဲ့နောက် မြိတ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ သဘာဝ ငှက်သိုက်အိမ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဆက်လက်ပြီး တနင်္သာရီမြို့မှာ တည်ဆောက်နေတဲ့ တနင်္သာရီမြစ်ကူးတံတားကို သွားရောက်ကြည့်ရှုမှာဖြစ်ပြီး နေ့လယ်ပိုင်း ပြန်လည်ထွက်ခွာမယ်လို့သိရပါတယ်။ နိုင်ငံတော်သမ္မတရဲ့ တနင်္သာရီတိုင်းခရီးစဉ်ဟာ မေ ၃ ရက်နေ့က ထားဝယ်မြို့ကနေ စတင်ခဲ့တာဖြစ်ပြီး ထားဝယ်မြို့မှာလည်း ဌာနဆိုင်ရာတွေ့ဆုံပွဲပြုလုပ်ခဲ့ကြပါတယ်။ အန်အယ်လ်ဒီပါတီ အာဏာရပြီးတဲ့နောက်ပိုင်း နိုင်ငံတော်သမ္မတရဲ့ တနင်္သာရီတိုင်းခရီးစဉ်ဟာ ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။
2 years Ago

November 3, 2018

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တာမွေမဲရုံတွင် လာရောက် ဆန္ဒမဲပေး

သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဖြစ်သူ ဒေါ်ချိုချိုဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန် တာမွေမြို့နယ်၊ ကျောက်မြောင်းလမ်း၊ ကျားကွက်သစ်ရှိ ခြင်းလုံးအားကစားရုံမှာ ဖွင့်လှစ်ထားတဲ့  မဲရုံ အမှတ် (၃)မှာ ဒီကနေ့ မွန်းလွဲပိုင်းက လာရောက်မဲပေးသွားပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ နိုင်ငံတော်အကြီးအကဲ တာဝန်မယူခင် တာမွေမြို့နယ်၊ မဂ္ဂင်လမ်း၊ အိမ်အမှတ် ၃၄၊ ၆လွှာ မှာ နေထိုင်ခဲ့ပြီး  ဒီရပ်ကွက်မှာ အိမ်ထောင်စုစာရင်းရှိတဲ့အတွက် လာရောက် မဲပေးခဲ့တာဖြစ်ပါတယ်။ ဆန္ဒမဲလာပေးတဲ့ သမ္မတကို ပြည်သူထုထု အများအပြားကစောင့်ကြိုကြည့်ရှုအားပေးခဲ့ကြပြီး  တိုင်စာတွေပေးအပ်ဖို့လည်း အရင်အစိုးရတွေလက်ထက်က မြေသိမ်းခံခဲ့ရသူတချို့က လာရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။ သမ္မတမဲပေးတဲ့ မဲရုံအနီးတ၀ိုက်မှာ   ရဲလုံခြုံရေးတပ်ဖွဲ့တွေ တင်းတင်းကျပ်ကျပ်ချထားပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေ စောင့်ကြည့်နေသလို  ပြည်တွင်းပြည်ပက မီဒီယာတွေ အများအပြား လာရောက် သတင်းယူခဲ့ကြပါတယ်။
2 years Ago
More News
Up