ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်(အေဒီဘီ)ဥက္ကဋ္ဌ မစ္စတာ တာကီဟီကို နာကာအို(Mr.Takehiko Nakao)အပါအဝင် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် သမ္မတအိမ်တော်မှာ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းက လာရောက်တွေ့ဆုံခဲ့ကြပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ သမ္မတရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
7 years Ago