အမေရိကန်သမ္မတ ဘာရတ်အိုဘားမားရဲ့ သမိုင်းဝင် ကျူးဘားနိုင်ငံ ခရီးစဉ်ကို မတ်လ ၂၂ ရက်နေ့မှာ အဆုံးသတ်လိုက်ပါတယ်။
စစ်အေးခေတ် အကြွင်းအကျန်တွေကို အဆုံးသတ်မယ်လို့ ၃ ရက်တာ ခရီးစဉ်မှာ အိုဘားမားက ပြောပါတယ်။
အမေရိကန်သမ္မတဟာ လေဆိပ်ကို မထွက်ခွာခင်မှာ ကျူးဘားသမ္မတနဲ့အတူ ဘေ့စ်ဘောကစားပွဲကို သွားကြည့်ခဲ့ပါတယ်။
ဒီမတိုင်ခင်မှာ ကျူးဘားအတိုက်အခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
အိုဘားမားရဲ့ ကျူးဘားခရီးစဉ်ဟာ ၂၀၁၄ ဒီဇင်ဘာမှာ ပြန်လည်စတင်တဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးရဲ့ နောက်ဆုံးရလဒ် ဖြစ်ပါတယ်။
ဝါရှင်တန်နဲ့ ဟာဗားနားတို့ကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ တစိမ်းဆန်ခဲ့တာကို တခန်းရပ်လိုက်တာလည်း ဖြစ်ပါတယ်။
အိုဘားမားက သူ့ခရီးမှာ ကျူးဘားသမ္မတ ရာအူးကက်စထရိုကို တွေ့ဆုံဖို့သက်သက် ရည်ရွယ်တာမဟုတ်ဘဲ ကျူးဘားပြည်သူတွေရဲ့ အသံတွေကို နားထောင်ဖို့၊ သူတို့ စိုးရိမ်သောကတွေနဲ့ စဉ်းစားတွေးတောမှုတွေကို သိဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
အမေရိကန်က ကျူးဘားအပေါ် နှစ်ပေါင်းများစွာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ကိုလည်း ခရီးစဉ်အတွင်းမှာ သမ္မတ အိုဘားမားက ထပ်ပြီး တိုက်တွန်းခဲ့ပါတယ်။
5 years Ago