သမ္မတ ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူးဟောင်းကို ငွေကြေးခဝါချမှုဖြင့် တရားစွဲ

October 31, 2017

သမ္မတ ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူးဟောင်းကို ငွေကြေးခဝါချမှုဖြင့် တရားစွဲ

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူးဟောင်း ပေါလ်မန်နာဖော့တ်နဲ့  ထရမ့်ကို ထောက်ခံသူတဦးဖြစ်တဲ့ ရက်ခ်ဂိတ်တို့ကို ငွေကြေးခဝါချမှုနဲ့ အောက်တိုဘာ ၃၀ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။ အခုလို တရားစွဲဆိုမှုကို ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးနေတဲ့ အမေရိကန်အစိုးရ စုံစမ်းစစ်ဆေးသူတွေက တရားစွဲဆိုခဲ့တာပါ။ အသက် ၆၈ နှစ်အရွယ် ရီပတ်ဘလီကန်ပါတီရဲ့ သက်တမ်းရှည် ထောက်လှမ်းရေးဖြစ်တဲ့ မန်နာဖော့တ်နဲ့ ရက်ခ်ဂိတ်တို့ကို ဝါရှင်တန်က အမေရိကန်အစိုးရ တရားရုံးမှာ အောက်တိုဘာ ၃၀ ရက်က ခေါ်ယူစစ်ဆေးခဲ့တာပါ။ အခုတရားစွဲဆိုခံထားရတဲ့ မန်နာဖော့တ်နဲ့ ဂိတ်တို့ကို ငွေကြေးခဝါချမှု၊ ရုရှားလိုလားတဲ့ ယူကရိန်းအစိုးရဟောင်းရဲ့ ထောက်လှမ်းရေးပုံစံ ဟန်ဆောင်မှု စတဲ့ပြစ်မှု ၁၂ မှုနဲ့ တရားစွဲဆိုထားပြီး သူတို့နှစ်ဦးစလုံးကတော့ အပြစ်မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ တရားသူကြီးက မန်နာဖော့တ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်း အာမခံနဲ့ နေအိမ်အကျယ်ချုပ်၊ ဂိတ်ကို ဒေါ်လာ ၅ သန်း အာမခံနဲ့ နေအိမ်အကျယ်ချုပ်ချထားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သူတို့ရဲ့ အာမခံအမျိုးအစားဟာ လက်ငင်းငွေပေးစရာမလိုဘဲ အကယ်၍ သူတို့နှစ်ဦး တရားရုံးကိုလာရောက်ဖို့ ပျက်ကွက်ခဲ့ပါက သတ်မှတ်ထားတဲ့ငွေကို ပေးဆောင်ရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့အမှုကို နိုဝင်ဘာ ၂ ရက်မှာ ထပ်မံကြားနာစစ်ဆေးမှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up