သမ္မတ ထရမ့်၏ လူမျိုးရေးခွဲခြားမှုအပေါ် အော်စကာအစီအစဉ်တင်ဆက်သူ ဟာသလုပ်

February 28, 2017

သမ္မတ ထရမ့်၏ လူမျိုးရေးခွဲခြားမှုအပေါ် အော်စကာအစီအစဉ်တင်ဆက်သူ ဟာသလုပ်

၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့တဲ့ ဂျင်မီ ကင်မယ်လ်က သမ္မတထရမ့်ရဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်ပြီး ဟာသလုပ် ပြောဆိုသွားပါတယ်။ သူဟာ အေဘီစီရုပ်သံဌာနက ထုတ်လွှင့်တဲ့ Jimmy Kimmel Live! အစီအစဉ်ရဲ့ အစီအစဉ်မှူးဖြစ်ပြီး နာမည်ကျော် စာရေးဆရာနဲ့ ဟာသပညာရှင်လည်း ဖြစ်ပါတယ်။ သမ္မတထရမ့်နဲ့ပတ်သက်ပြီး ဂျင်မီ ကင်မယ်လ်က “ဒီအစီအစဉ်ကို သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေနဲ့ ကျနော်တို့ကိုမုန်းနေတဲ့ နိုင်ငံပေါင်း ၂၂၅ ခုက ပြည်သူတွေ တိုက်ရိုက်ကြည့်ရှုနေကြပါတယ်။ ဒါက အတော်ထူးခြားတယ်လို့ ကျနော်ထင်ပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပါပဲ၊ တိုင်းပြည်က အခု နှစ်ခြမ်းကွဲသွားပါတယ်။ အခုချိန်ဟာ အတူတကွ ပေါင်းစည်းရမယ့်အချိန်လို့ လူတွေက ကျနော့်ကို ပြောပါတယ်။ ကျနော်တို့ပေါင်းစည်းဖို့ ခင်ဗျား တခုခု ပြောဖို့လိုပါတယ်။ ဒီအခန်းထဲမှာ ရဲရင့်တဲ့နှလုံးသားတခုရှိနေပြီး အဲဒီနှလုံးသားရှိတဲ့လူကတောင် ကျနော်တို့ကို ပေါင်းစည်းအောင်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး” လို့ အစချီ ပြောကြားသွားပါတယ်။ ဒီ့နောက်ဆက်ပြီး “သမ္မတ ထရမ့်ခင်ဗျာ။ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဒီစကားက လူကြိုက်များတဲ့စကားတော့ မဟုတ်ပါဘူး။ မနှစ်တုန်းက အော်စကာဆုဟာ လူမ်ျိုးရေးခွဲခြားမှုတွေ ရှိခဲ့ပါတယ်။ ဒီနှစ်တော့ မရှိတော့ပါဘူး။ သမ္မတ ထရမ့်ကို ကျေးဇူးတင်ပါတယ်။ ရုပ်ရှင်တွေအတွက်တော့ ဒီနှစ်ဟာ သိပ်ကိုထူးခြားတဲ့နှစ်ပါပဲ။ လူမည်းတွေက နာဆာကို ကယ်တင်ခဲ့ပြီး လူဖြူတွေက ဂျက်ဇ် (Jazz) တေးဂီတကို ကယ်တင်ခဲ့ပါတယ်” လို့ ဟာသနှောပြီး ပြောဆိုသွားပါတယ်။
4 years Ago
Up