မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
သမ္မတရုံးသို့ တိုင်ကြားသည့် မူးယစ်သတင်းအရ အမှု ၂၀၉ မှုနှင့် လူ ၃၃၅ ဦးကို ဖမ်းဆီးထား
Home
သမ္မတရုံးသို့ တိုင်ကြားသည့် မူးယစ်သတင်းအရ အမှု ၂၀၉ မှုနှင့် လူ ၃၃၅ ဦးကို ဖမ်းဆီးထား
September 5, 2018
1.5K
သမ္မတရုံးသို့ တိုင်ကြားသည့် မူးယစ်သတင်းအရ အမှု ၂၀၉ မှုနှင့် လူ ၃၃၅ ဦးကို ဖမ်းဆီးထား
နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားလာတဲ့ မူးယစ်သတင်းတွေအရ စက်တင်ဘာ ၁ ရက်အထိ အမှုပေါင်း ၂၀၉ မှုနဲ့ လူပေါင်း ၃၃၅ ယောက် ဖမ်းဆီးထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
သြဂုတ် တတိယပတ်အတွင်းက အမှုပေါင်း ၁၈၅ မှု ဖမ်းဆီးထားတာကြောင့် နောက်ဆုံးအပတ်ထဲမှာ ၂၄ မှုနဲ့ လူပေါင်း ၄၂ ယောက် ဖမ်းဆီးခဲ့တာပါ။
ဇွန်လနောက်ဆုံးပတ်ကနေ အခု စက်တင်ဘာ ၁ ရက်နေ့အထိ မူးယစ်မှုနဲ့ အမျိုးသား ၂၈၃ ယောက်၊ အမျိုးသမီး ၅၂ ယောက်ကို ဖမ်းဆီးထားတာပါ။
ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေအထဲမှာ ဘိန်းဖြူ ၁၉၆၄ ဒသမ ၁၉ ဂရမ်၊ အိုက်စ် ၂ ဒသမ ၁၅ ဂရမ်၊ ဘိန်းမဲ ၃၂၇ ဒသမ ၆၅ ဂရမ်၊ ဘိန်းစိမ်း ၃၁၄၄၀ ဒသမ ၅၀ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၀၀ ဒသမ ၅၀ ဂရမ်၊ ဘိန်းစာမှုန့် ၁၅၀၂ ဂရမ်၊ ဘိန်းစာရွက် ၃၂၆၆ ဂရမ်၊ စိတ်ကြွဆေးပြား ၉၃၄၇၂ ပြား၊ ဆေးခြောက် ၂၈၆၆ ဒသမ ၀၈ ဂရမ် စတာတွေပါဝင်ပါတယ်။
ဒါ့အပြင် သေနတ်မျိုးစုံ ၆ လက်၊ ကျည်မျိုးစုံ ၁၇၉ တောင့်၊ လက်ပစ်ဗုံတလုံးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခဲ့တဲ့နေရာတွေကတော့ ရှမ်းပြည်နယ် နမ္မတူနဲ့ နောင်ချို၊ စစ်ကိုင်းတိုင်း ဖောင်းပြင်၊ ကလေး၊ ခမ်းပတ်နဲ့ ရေဦးမြို့၊ မန္တလေးတိုင်း မတ္တရာ၊ ရန်ကုန်တိုင်း ဒေါပုံ၊ လှိုင်သာယာနဲ့ သန်လျင်၊ တနင်္သာရီတိုင်း မြိတ်၊ ကချင်ပြည်နယ် ကာမိုင်းမြို့တို့ကနေ ဖမ်းဆီးခဲ့တာပါ။
သီးခြားရရှိတဲ့ သတင်းတွေအရ ရှမ်းပြည်နယ် မူဆယ်နဲ့ ကွတ်ခိုင်၊ ရခိုင်ပြည်နယ် စစ်တွေတို့မှာလည်း နယ်မြေရှင်းလင်း ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စက်တင်ဘာ ၁ ရက်အထိ တပတ်အတွင်း မူးယစ်အမှု ၃၄၁ မှု၊ တရားခံ ကျား ၄၁၈ ယောက်၊ မ ၅၃ ယောက်၊ စုစုပေါင်း ၄၇၁ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
မူးယစ်ဆေးတွေကတော့ ဘိန်းဖြူ ၁၈၄၃ ဒသမ ၁၂ ဂရမ်၊ အိုက်စ် ၂၅၀ ဒသမ ၆၄ ဂရမ်၊ ဘိန်းစိမ်း ၃၄၀၉ ဒသမ ၇၈ ဂရမ်၊ စိတ်ကြွဆေးပြား ၂၀၀၆၃၄ ပြား၊ ဆေးခြောက် ၉၆၄၃ ဒသမ ၇၀ ဂရမ် စတာတွေပါဝင်ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးချက်လုပ်ရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေ၊ တူမီးသေနတ် ၂ လက် တို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်မှာ သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့ အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ်
[email protected]
ကို တိုင်ကြားနိုင်ပါတယ်။
5 years Ago
© Copyright 2023 DVB.
Up