တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ လက်ရှိသမ္မတ ပတ်ဂွန်ဟေး (Park Geun-hye) ကို နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၄ ရက်နေ့က ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
အခုနောက်ပိုင်းနှစ်တွေအတွင်း အကြီးဆုံဆန္ဒပြပွဲဖြစ်ပြီး ဆန္ဒပြသူ သောင်းနဲ့ချီ လာရောက်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
သမ္မတရဲ့ စီးပွားရေး ဆန်လွန်းတဲ့ မူဝါဒတွေကို မကျေနပ်တာဖြစ်ပြီး အလုပ်သမားသမဂ္ဂတွေအပါအ၀င် အဖွဲ့စေည်းပေါင်းစုံ ပါဝင်ကြတယ်လို့ ဆိုပါတယ်။
မကြာခင်က အစိုးရပြဋ္ဌာန်းခဲ့တဲ့ ကျောင်းသုံးသမိုင်စာအုပ်မှာ အရင် တောင်ကိုရီးယားအာဏာရှင်စနစ်ကို ဖာထေးကာကွယ်ထားတဲ့ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းထားတာကိုလည်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
လုံခြုံရေးအရံအတားတွေကိုကျော်ပြီး သမ္မတရုံးကို ချီတက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ဖြိုခွဲခဲ့ပါတယ်။
လက်ရှိတောင်ကိုရီးယားသမ္မတဟာ လွန်ခဲ့တဲ့ ၂ နှစ်က တက်လာပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ပါတယ်။
သူ့ရဲ့အငြင်းပွားဖွယ် ပျော့ပျောင်းတဲ့ စီးပွားရေးမူဝါဒတွေက အလုပ်ရှင်တွေကို လုပ်ပိုင်ခွင့်ပိုပေးထားပြီး အလုပ်သမားတွေကို လွယ်လွယ်ကူကူ အလုပ်ဖြုတ်ခွင့်ပေးသလို ဖြစ်နေတယ်ဆိုပြီး ပြစ်တင်ဝေဖန်ခံနေရတာပါ။
5 years Ago