သမ္မတဟောင်း ပါ့ခ်ဂွန်ဟေးကို လာဘ်ထိုးမှုဖြင့် ဆမ်ဆောင်းဒု-ဥက္ကဋ္ဌကို ထောင် ၁၂ နှစ် ချမှတ်

August 7, 2017

သမ္မတဟောင်း ပါ့ခ်ဂွန်ဟေးကို လာဘ်ထိုးမှုဖြင့် ဆမ်ဆောင်းဒု-ဥက္ကဋ္ဌကို ထောင် ၁၂ နှစ် ချမှတ်

အကျင့်ပျက်ခြစားမှုတွေကြောင့် ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပါ့ခ်ဂွန်ဟေးကို လာဘ်ထိုးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရတဲ့ ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီရဲ့ ဒု-ဥက္ကဋ္ဌ ဂျေးဝိုင်လီ (Jay Y. Lee) ကို ဆိုးလ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်မှုကို သြဂုတ် ၇ ရက်နေ့မှာ ချမှတ်လိုက်တာဖြစ်ပြီး အသက် ၄၉ နှစ်အရွယ် လီဟာ လာဘ်ထိုးမှု၊ ယုံကြည်အပ်နှံငွေ အလွဲသုံးစားမှုတွေအတွက် ဖေဖော်ဝါရီလကတည်းက ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ လီဟာ ဆမ်ဆောင်းအဖွဲ့ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ အစိုးရက သူ့ကို ထောက်ပံ့ကူညီစေလိုမှုအတွက် သမ္မတဟောင်း ပါ့ခ်ဂွန်ဟေးကို လာဘ်ထိုးခဲ့တာပါ။ သြဂုတ် ၇ ရက်နေ့မှာတော့ သူဟာ တရားသူကြီး ဆုံးဖြတ်ချက်ကို ကြားနာဖို့ ဆိုးလ်ခရိုင်တရားရုံးကို ရောက်လာခဲ့ပါတယ်။ တရားရုံးရဲ့ အမိန့်ချမှတ်မှုဟာ လီကို ထိန်းသိမ်းတဲ့ကာလ ပြီးဆုံးမယ့် သြဂုတ် ၂၇ ရက်နေ့ကစပြီး အသက်ဝင်မယ်လို့ ခန့်မှန်းရကြောင်း ရိုက်တာသတင်းက ခန့်မှန်း ဖော်ပြထားပါတယ်။
4 years Ago
Up