အနားယူသွားတဲ့ သမ္မ္မတကြီး ဦးထင်ကျော်အား ဂုဏ်ပြု နှုတ်ဆက်ခြင်းနဲ့ သမ္မ္မတသစ် ဦးဝင်းမြင့်ကို ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ် ရဟန်းခံရှင်ပြု တရားစခန်းပွဲကို မှော်ဘီမြို့ ရွှေညဝါတောရကျောင်းတိုက်မှာ ဒီကနေ့ မနက် ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ရွှေညဝါဆရာတော် ကြီးမှူးပြုတဲ့ သံဃာတော်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဧည့်ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။
မနက် ၉ နာရီမှာ သံဃာတော်အပါး ၉၀ ကျော်တို့ကို သိမ်ဆင်းလောင်းလှူကြပြီး ရွှေညဝါဆရာတော်ကြီးက ရေစက်ချ တရားဟောကြားခဲ့ပါတယ်။
တရားစခန်းကိုတော့ ရွှေညဝါတောရကျောင်းတိုက်ရှိ လောကပါလကန်ကော်လေး ဓမ္မာရုံကြီးအတွင်းမှာ ဧပြီ ၆ ရက်မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
3 years Ago