သမ္မတလောင်း ပမာဏရွေးချယ်ပွဲ

A d v e r t i s e m e n t With Us

February 22, 2016

တောင်ကယ်ရိုလိုင်းနားပြည်နယ် သမ္မတလောင်း ပမာဏရွေးချယ်ပွဲတွင် ဒေါ်နယ်ထရမ်း အနိုင်ရ

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် သမ္မတလောင်း ပမာဏရွေးချယ်ပွဲမှာ ဒေါ်နယ်ထရမ်းက ထပ်ပြီးအနိုင်ရရှိတဲ့အတွက် တခြားရီပတ်ပလစ်ကန်ပါတီ သမ္မတလောင်းတွေ ထက် အသာစီးရသွားပါတယ်။ ဒီမိုကရက်တစ်ပါတီဖက်မှာတော့ ဟစ်လာရီကလင်တန်က နီဗားဒါးပြည်နယ် သမ္မတရွေးပွဲမှာ ပြိုင်ဖက် Bernie Sanders ကို ပွတ်ကာသီကာနဲ့ အနိုင်ရရှိ သွားပါတယ်။ လာမယ့် မတ်လ ၁ ရက်နေ့မှာ အမေရိကန်ပြည်နယ် ၁၂ ပြည်နယ်မှာ အမေရိကန်သမ္မတ ပဏာမအဆင့် ရွေးချယ်ပွဲတွေကို ကျင်းပကြမှာဖြစ်တဲ့အတွက် အခုလို ရှေ့ပြေးရလဒ် ကောင်းတွေရရှိထားဖို့ သမ္မတလောင်းတွေအတွက် အရေးကြီးပါတယ်။ သမ္မတလောင်း ဒေါ်နယ်ထရမ်း ရီပတ်ပလီကန်ပါတီကိုယ်စားပြု အနိုင်ရလိုက်တဲ့အချိန်မှာပဲ သူ့နဲ့ပြိုင်ဖက် အရင်အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုစ်က ညီ Jeb Bush က အဆင့် ၄ နေရာပဲရပြီး ရွေးကောက်ပွဲကနေ နုတ်ထွက်သွားပါတယ်။ ဒီပွဲမတိုင်ရင် သမ္မတဟောင်း ဂျော့ဒဗလျူဘုစ်က သူ့ညီအတွက် မဲဆွယ်ပွဲမှာ ရှားရှားပါးပါး ၀င်ပြီး ကူညီမဲဆွယ်ပေးခဲ့ပါသေးတယ်။ တခြားရီပတ်ပလစ်ကုန်ပါတီ ကိုယ်စားလှယ်လောင်း ၂ ဦး ဖြစ်တဲ့ တက်ဒ် ခရုစ် Ted Cruz နဲ့ မာကို ရူဘီယို Marco Rubio တို့ကတော့ ဒုတိယနေရာအတွက် အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ကြပါတယ်။
5 years Ago
Up