တူရကီနိုင်ငံမှာ ဇွန် ၂၄ ရက်နေ့ ရွေးကောက်ပွဲကျင်းပတော့မှာမို့ သမ္မတလောင်းတွေ ဇွန် ၂၂ ရက်နေ့က အပြိုင်အဆိုင် မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
ပုံမှန်ထက်စောကျင်းပတဲ့ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲမတိုင်ခင် ၂ ရက်အလိုမှာ တူရကီ သမ္မတအာဒိုဂမ်နဲ့ သူ့ပြိုင်ဘက် မူဟာရမ်အင့်ခ်ျ တု့ ဟာ ဇွန်လ ၂၂ ရက်နေ့မှာ မဲဆွယ်ခဲ့ကြပါတယ်။
အာဒိုဝမ်ရဲ့ အတိုက်အခံအဖြစ် ရပ်တည်မယ့် ရူပဗေဒဆရာဟောင်း မူဟာရမ် အင့်ခ်ျရဲ့ အန်ကာရာမြို့က မဲဆွယ်ပွဲ ဖြစ်ပါတယ်။
“မနက်ဖြန်ညနေပိုင်းကစပြီး ခင်ဗျားတို့အလှည့်ပဲဖြစ်ပါတယ်။ တနင်္ဂနွေနေ့မနက်မှာ မဲပေးဖို့ နောက်မကျပါနဲ့။ စနေနေ့ညမှာ ကျောင်းဝင်းတွေထဲမှာပဲ အိပ်ပါ။ တနင်္ဂနွေနေ့မှာ ဗိုက်မဆာစေနဲ့၊ အိပ်မငိုက်စေနဲ့၊ ဖျားနာတာ မဖြစ်စေနဲ့” လို့ မူဟာရမ်က သူ့အားထောက်ခံသူတွေကို အင်တိုက်အားတိုက် မဲဆွယ်သွားတာပါ။
လက်ရှိသမ္မတလည်းဖြစ်၊ လာမယ့်ရွေး ကောက်ပွဲမှာ ဝင်ပြိုင်မယ့် သမ္မတလောင်းလည်းဖြစ်တဲ့ တေရစ် အာဒိုဝမ်ကတော့ သူ့အတိုက်အခံ မူဟာရမ်နဲ့ CHP ပါတီခေါင်းဆောင် ကီမယ် တို့နဲ့ပတ်သက်ပြီး အခုလို မေးခွန်းထုတ်သွားပါတယ်။
“သူတို့တွေ သမ္မတတာဝန်ယူနိုင်မယ်လို့ ခင်ဗျားတို့ ထင်လား၊ ကျုပ်ညီနောင်တွေနဲ့ နိုင်ငံသားတွေ တနင်္ဂနွေနေ့မှာ သူတို့ကို သင်ခန်းစာပေးနိုင်မယ်လို့တော့ မျှော်လင့်တာပါတယ်” လို့ အာဒိုဝမ်က ပြောပါတယ်။
ဇွန် ၂၄ ရွေးကောက်ပွဲမှာ အနိုင်ရမယ့် သမ္မတလောင်းဟာ ပြင်ဆင်လိုက်တဲ့ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေး အာဏာကို ပိုရရှိမှာဖြစ်လို့ ဒီရွေးကောက်ပွဲဟာ ခေတ်သစ် တူရကီနိုင်ငံအတွက် အရေးအပါဆုံး ရွေးကောက်ပွဲတခုဖြစ်နေပါတယ်။
3 years Ago