အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၂ လတောင် မလိုတော့တဲ့အချိန်မှာ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီဟာ ကျန်းမာရေးချို့ယွင်းမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်ရင်း ရုတ်တရက် နေမကောင်းဖြစ်လို့ အခမ်းအနားတ၀က်နဲ့ ပြန်ခဲ့ရပါတယ်။
ဟီလာရီ နမိုးနီးယား အဆုတ်ရောင်ရောဂါ ခံစားနေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အနားယူအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ဟီလာရီက ပြောဆိုခဲ့ပါတယ်။
ဟီလာရီဟာ လွန်ခဲ့တဲ့ ၄ နှစ် နိုင်ငံခြားရေးဝန်ကြီးကာလတုန်းကလည်း ဦးနှောက်ထဲ သွေးခဲလို့ ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။
စက်တင်ဘာ ၁၁ ရက် အခမ်းအနားကအပြန် ကားပေါ်အတက်မှာ ဒယိမ်းဒယိုင်ဖြစ်လို့ အနီးကပ်အကူတွေနဲ့ ကားပေါ်တက်ခဲ့ရပုံတွေကို အမေရိကန်မီဒီယာတွေမှာ အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။
ပြိုင်ဘက် ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကလည်း ဟီလာရီရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေနဲ့ အမေရိကန်သမ္မတဖြစ်သင့်၊ မဖြစ်သင့် မေးခွန်းထုတ်နေပြီး အခုလည်း တိုက်ခိုက်ပြောဆိုဦးမယ့်ပုံ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
4 years Ago