သမ္မတဦးဝင်းမြင့်

May 30, 2019

သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့မနက်က နေပြည်တော်ကနေ မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်နဲ့  ထွက်ခွာသွား ပါတယ်။ သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ  ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်ဖို့ သွားရောက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့အတူ  အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြတယ်လို့ အစိုးရကသတင်းထုတ်ပါတယ်။ ဝန်ကြီးချုပ် မိုဒီရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မေလ ၃၀ ရက်နေ့ နယူးဒေလီမြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေက သမ္မတတွေ၊ နီပေါနဲ့ ဘူတန်နိုင်ငံက ၀န်ကြီးချုပ်တွေ အပါအ၀င် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပပြီးစီးသွားတဲ့ အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒူအမျိုးသားဝါဒီ (ဘီဂျေပီ) ပါတီက မဲအပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
2 years Ago

November 3, 2018

မဲလာပေးမည့် သမ္မတဦးဝင်းမြင့်ကို တိုင်စာပေးရန် ပြည်သူအချို့ စောင့်ဆိုင်း (ဓာတ်ပုံ)

သမ္မတဦးဝင်းမြင့် မဲလာပေးမယ့် တာမွေမြို့နယ် မဲရုံအမှတ် ၃ နားမှာ သမ္မတကို  စာပေးဖို့ လူတော်တော်များများ စောင့်နေကြပါတယ်။ တိုင်စာပေးမယ့်သူတယောက်က “ကျမတို့က သင်္ဃန်းကျွန်းက သိမ်းဆည်းခံမြေနဲ့ ပတ်သက်ပြီး တိုင်စာပေးမှာပါ။ အရင်ကလည်း ၃ ခေါက်တိတိစာပို့ဖူးတယ်။ အခုက သမ္မတကြီး မဲလာပေးတာကို မနက် ၅ နာရီကတည်းက စောင့်နေတာပါ။ တိုင်ကြားစာလက်ခံတဲ့အဖွဲ့တွေ ပါတယ်လို့ ကြားတယ်။ လုံခြုံရေးတွေ ပါရင်လည်း ခွင့်တောင်းပြီး ပေးရမှာပေါ့” လို့ ပြောပါတယ်။ သူနဲ့အတူ တိုင်စာပေးဖို့ စောင့်နေတဲ့ သူတွေ ၁၅ ယောက်လောက်ရှိတယ်လို့လည်း သူက ပြောပါတယ်။ နောက်တယောက်ကလည်း “တောင်ဥက္ကလာ ဘေလီတံတားနားက ဆိုင်ခန်းတွေနေရာကို တပ်က ဖယ်ခိုင်းတဲ့ ကိစ္စ တိုင်စာပို့ဖို့ပါ။ ပုသိမ်မှာတုန်းက သမ္မတဆီကို တိုင်စာ ၈၁  စောင်ပေးကြပြီး သမ္မတကိုယ်တိုင်ဖတ်မယ်လို့ကြားလို့ အခု လာစောင့်တာပါ” လို့ ပြောပါတယ်။ အဲဒီနေရာကို ရောက်နေတဲ့ ဒီဗွီဘီ သတင်းထောက်က တိုင်စာပို့ဖို့ စောင့်နေသူ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တာမွေမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး အခု ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မနေ့ညကပဲ ရန်ကုန်ကို ရောက်ရှိနေပါတယ်။    
2 years Ago
More News
Up