သမ္မတအကြံပေးအဖြစ် ဒေါ်နယ်ထရမ့်သမီး လစာမယူဘဲ တာဝန်ထမ်းမည်

March 30, 2017

သမ္မတအကြံပေးအဖြစ် ဒေါ်နယ်ထရမ့်သမီး လစာမယူဘဲ တာဝန်ထမ်းမည်

သမ္မတ ဒေါ်နယ်လ်ထရန့်ရဲ့သမီး အီဗန်ကာထရမ့်က အိမ်ဖြူတော်မှာ သမ္မတရဲ့ အကြံပေးအဖြစ် လစာမယူဘဲ တာဝန်ထမ်းဆောင်မယ်လို့ မတ် ၂၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အီဗန်ကာဟာ ဒီမတိုင်ခင်ကတည်းက အိမ်ဖြူတော်မှာ သမ္မတ ထရမ့်ကို အလွတ်သဘော အကြံပေးနေခဲ့တာ ဖြစ်ပါတယ်။ ကျင့်ဝတ်သိက္ခာပိုင်းနဲ့ပတ်သက်ပြီး ဒီကိစ္စအပေါ် ဝေဖန်မှုတချို့ ရှိနေတာကြောင့် တခြားဝန်ထမ်းတွေလိုပဲ နိုင်ငံတော်အဆင့် ကျင့်ဝတ်တွေနဲ့အညီ သမ္မတအကြံပေးအဖြစ် သူလည်း လစာမယူဘဲ စေတနာ့ဝန်ထမ်း တာဝန်ထမ်းမယ်လို့ အီဗန်ကာက ပြောခဲ့တာပါ။ သူ့အဖေရဲ့ အလွတ်သဘော အကြံပေးအဖြစ်နဲ့ အိမ်ဖြူတော်မှာ ရုံးထိုင်ပြီး တာဝန်ထမ်းဆောင်ရာမှာ ရှိလာနိုင်တဲ့ ပြဿနာတွေကိုလည်း သူက မေးမြန်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up