သမ္မတအိုဘား၏ ကျမျက်ရည်

January 6, 2016

နိုင်ငံတ၀န်း အကြမ်းဖက်မှုများအတွက် သမ္မတအိုဘား၏ ကျမျက်ရည် (ရုပ်သံ)

အမေရိကန်နိုင်ငံတ၀န်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ကလေးများစွာ သေဆုံးခဲ့ရတဲ့အပေါ် သမ္မတမှာ တာဝန်ရှိတယ်လို့ ပြောခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားဟာ ၀မ်းနည်းမျက်ရည်ကျခဲ့ပါတယ်။ ဇန်န၀ါရီလ ၅ ရက်နေ့က ပြုလုပ်တဲ့ သေနတ်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး မိန့်ခွန်းမှာ အိုဘားမားက “အချိန်တိုင်းမှာ ဒီ (အကြမ်းဖက်) ပစ်သတ်ခံရတဲ့ အပြစ်မဲ့ကလေး တွေအကြောင်းတွေးမိနေတာက ကျနော့်ကို ရူးသွပ်စေတယ်။ ချီကာဂိုမှာ နေ့တိုင်းလမ်း တွေနေရာအနှံ့မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ရှိနေတာပါ” လို့ ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း သေနတ်ပစ်အကြမ်းဖက်မှု တွေကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရတာပါ။ ပြစ်မှုကျူးလွန်မှုအများစုမှာ ကျူးလွန်သူတွေဟာ အခင်းဖြစ်တဲ့ နေရာတင် လက် နက်တွေကို အလွယ်တကူ ၀ယ်ယူနိုင်တာဟာ မဖြစ်သင့်ဘူးလို့ အိမ်ဖြူတော်သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမေရိကန်ကွန်ဂရက်လွှတ်တော်အနေနဲ့ ဒီအကြမ်းဖက်မှုတွေအတွက် သေနတ် ကိုင်ဆောင်သူတွေအပေါ် အရေးယူမှုတွေ ဆက်တိုက်အားနည်းခဲ့ပြီး နှစ်စဉ်သေနတ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမေရိကန်ပြည်သူ ၃ သောင်းကျော်သေဆုံးနေရ တယ်လို့ ဆိုပါတယ်။ ခုချိန်မှာတော့ သေနတ်နဲ့ အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ အမှုဆောင်ကော်မတီကို ဖွဲ့စည်းတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတအိုဘားမားက “ကျနော်တို့ ဒါကို လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မနှေးအမြန် ဒါကို အောင်မြင်အောင်လုပ်သွားပါမယ်။ (သေဆုံးသွားတဲ့ အပြစ်မဲ့) ကလေးငယ်တွေအတွက် အမေရိကန်ပြည်သူတွေကပါ ပူးပေါင်းပါဝင်ရမှာပါ”လို့ ပြောပါတယ်။
6 years Ago
Up