သမ္မတသစ်

A d v e r t i s e m e n t With Us

July 4, 2019

ယူကရိန်းတွင် ရင်နှီးမြှုပ်နှံရန် သမ္မတသစ် ဖိတ်ခေါ်

ယူကရိန်း သမ္မတသစ် ဗိုလာဒီမာ ဇေလန်စကီက ယူကရိန်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇူလိုင်လ ၃ ရက်က ကျင်းပတဲ့ စီးပွားရေးညီလာခံက သတင်းစာ ရှင်းလင်းပွဲမှာ ဖိတ်ခေါ်လိုက်ပါတယ်။ ဇူလိုင်လ ၂ ရက်က ကနေဒါနိုင်ငံကို တရားဝင်ခရီးစဉ်နဲ့ ရောက်လာတဲ့ သမ္မတ ဇေလန်စကီက ယူကရိန်းနိုင်ငံရဲ့ ဥပဒေမူဝါဒတွေ တိုးတက်လာတဲ့ အကြောင်းနဲ့ တရားရေးစနစ် တိုးတက်လာဖို့ ကတိပြုတယ်လို့ ကနေဒါ စီးပွားရေးခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ဒါ့အပြင် အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်သွားဖို့လည်း ကတိပြုခဲ့ပြီး ယူကရိန်းပြည်သူတွေဟာ ပိုကောင်းတဲ့ ဘဝတွေကို စောင့်မျှော်နေရတာ စိတ်ပျက်နေကြပြီလို့ သူက ဆက်ပြောခဲ့ပါတယ်။ ဧပြီလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဇေလန်စကီဟာ နိုင်ငံတွင်း အကျင့်ပျက်ခြစားတာတွေကို အမြစ်ပြတ် ဖယ်ရှားသွားဖို့ မဲဆွယ်ကတိပြုခဲ့တာပါ။ ကနေဒါနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်း စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကူအညီတွေအတွက် အမေရိကန်ဒေါ်လာ ၁၀၆ သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။
2 years Ago

April 15, 2019

အင်ဒိုနီးရှား သမ္မတသစ်ရွေးကောက်ပွဲ လုံခြုံရေးအင်အား ၃၈၀၀၀ ချထား

အင်ဒိုနီးရှား မဲဆန္ဒရှင်တွေက သမ္မတသစ်ကို ရွေးချယ်နိုင်မယ့် ရွေးကောက်ပွဲ မတိုင်ခင် လုံခြုံရေး သေချာစေဖို့ သောင်းနဲ့ချီတဲ့ ရဲနဲ့ စစ်တပ်ဖွဲ့ဝင်တွေကို ဧပြီ ၁၄ ရက်က တာဝန်ချထားလိုက်ပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင် အယောက် ၃၈၀၀၀ အထိ တာဝန်ချထားမယ်လို့ အင်ဒိုနီးရှား အစိုးရ ရဲချုပ်က ပြောပါတယ်။ လတ်တလော နှစ်တွေအတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံခဲ့လို့ အင်ဒိုနီးရှား နိုင်ငံမှာ လုံခြုံရေးက အဓိက စိုးရိမ်စရာ ကိစ္စပါ။ မဲဆန္ဒရှင် ၁၉၂ သန်းဟာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယံတို တို့ကြား ယှဉ်ပြိုင်အရွေးခံမယ့် ရွေးကောက်ပွဲကို ဧပြီ ၁၇ ရက်မှာ မဲပေးကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ-MINA
2 years Ago
Up