အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတတာဝန်ယူချိန် ၈ နှစ်တာကာလအတွင်းမှာ သူ့ရဲ့ နေ့စဉ်ရှင်သန်နေထိုင်ဖြတ်သန်းမှု ပုံရိပ်တွေကို ပန်းချီဆရာတဦးဖြစ်တဲ့ ရော့ဘ် ပရူးရစ်တ်က မှတ်တမ်းတင် ရေးဆွဲခဲ့ပါတယ်။
အိမ်ဖြူတော်ရုံးခန်းတွင်းမှ နေ့စဉ်လှုပ်ရှားမှုပုံရိပ်တွေကို တနေ့ကိုတပုံ ပန်းချီရေးခြယ် မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး လက်ရှိသမ္မတသက်တမ်း ကုန်ဆုံးတော့မယ့်အချိန်မှာတော့ ပန်းချီကားပေါင်း ၃၀၀၀ နီးပါး ရှိနေခဲ့ပြီလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူရေးဆွဲခဲ့တဲ့ ဒီပန်းချီကားတွေကို နယူးယောက်မြို့က ဂေဗင်ဘရောင်း ပန်းချီအနုပညာပြခန်းမှာ ပြသနေတာပါ။
နယူးယောက်မြို့မှာနေထိုင်တဲ့ ရော့ဘ် ပရူးရစ်တ်ကို ၁၉၆၄ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပန်းချီ၊ ပန်းပုနဲ့ ခေတ်ပြိုင်အနုပညာရှင်တဦးအဖြစ် ထင်ရှားပါတယ်။
သူ့ရဲ့ ရေးသားထုတ်ဝေခဲ့ပြီးတဲ့ စာအုပ်တွေကတော့ iPruitt (၂၀၀၈)၊ Pop Touched Me: The Art of Rob Pruitt (၂၀၁၀) နဲ့ Exquisite Self-Portrait: The Artist (၂၀၁၁) စာအုပ်တွေပဲ ဖြစ်ပါတယ်။
6 years Ago