သမ္မတသက်တမ်း လက်ကျန်ကာလအတွင်း ခရစ္စမတ်သီချင်းဆိုခဲ့သည့် အိုဘားမား

December 2, 2016

သမ္မတသက်တမ်း လက်ကျန်ကာလအတွင်း ခရစ္စမတ်သီချင်းဆိုခဲ့သည့် အိုဘားမား (ရုပ်သံ)

အမေရိကန်သမ္မတ အိုဘားမားဟာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက အိမ်ဖြူတော်မှာ ကျင်းပတဲ့ ခရစ္စမတ်သစ်ပင်မီးထွန်းပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ကာ ခရစ္စမတ်သီချင်း သီဆိုခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ သမ္မတသက်တမ်း လက်ကျန်ကာလမှာ နောက်ဆုံးကျင်းပခွင့်ရတဲ့ ပွဲတခုဖြစ်ပါတယ်။ အိမ်ဖြူတော်မြက်ခင်းပြင်ရှေ့မှာ ကျင်းပတဲ့ ဒီအခမ်းအနားမှာ အိုဘားမားဟာ ဇနီးဖြစ်သူ၊ သမီးတွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့တာပါ။ “အိမ်ထဲမှာ ရှိနေကြသူတွေရော၊ ဒီမှာ ရှိနေကြသူတွေပါ ခုချိန်ဟာ ခရစ္စမတ်သစ်ပင်ကို မီးထွန်းညှိရမယ့်အချိန် ရောက်လာပါပြီ” လို့ သူက ပြောခဲ့တာပါ။ အဲဒီနောက်မှာတော့ ၉၄ ကြိမ်တိုင်ခဲ့ပြီဖြစ်တဲ့ ခရစ္စမတ်သစ်ပင်ကို မီးထွန်းညှိခဲ့ပြီး ခရစ္စမတ်ဓမ္မတေးကို ခရစ္စမတ်ဘိုးဘိုးကြီး၊ တက်ရောက်လာကြသူတွေနဲ့အတူ သီဆိုကာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။
6 years Ago
Up