သမ္မတထရမ့်၏ အမိန့်ကို ဆန့်ကျင်ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ ငရုတ်ကောင်းစပရေးဖျန်းပြီး လူစုခွဲ

February 1, 2017

သမ္မတထရမ့်၏ အမိန့်ကို ဆန့်ကျင်ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ ငရုတ်ကောင်းစပရေးဖျန်းပြီး လူစုခွဲ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ် ကိုလံဘတ်စ်မြို့မှာ ဇန်နဝါရီ ၃၁ ရက်နေ့က သမ္မတထရမ့်ရဲ့ အမိန့်သစ်ကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ကိုလံဘတ်စ်မြို့ လမ်းတွေပေါ် ချီတက်ဆန္ဒပြရင်း ယာဉ်ကြောတွေအကြား အချိန်အတော်ကြာ ရပ်တန့်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဒီအတွက် ရဲတွေက ငရုတ်ကောင်းစပရေးဖျန်းပြီး လူစုခွဲခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ဆန္ဒပြသူတွေက စိတ်ဆိုးပြီး ရဲတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဆီးရီးယား၊ လစ်ဗျား၊ အီရန်၊ အီရတ်နဲ့ ယီမင် အပါအ၀င် စုစုပေါင်း မွတ်စလင်နိုင်ငံ ၇ နိုင်ငံက ဝင်ရောက်လာသူတွေအပေါ် အထူးတင်းကျပ်စွာ စစ်ဆေးဖို့ အမိန့်သစ်ကို သမ္မတ ထရမ့်က ဇန်နဝါရီ ၂၇ ရက်နေ့မှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဒီအတွက် အမေရိကန်ပြည်နယ် အတော်များများက လေဆိပ်တွေမှာ ယာယီထိန်းသိမ်းမှုတွေ ဖြစ်ကုန်ပြီး ဒီအမိန့်သစ်အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြည်နယ်အတော်များများမှာ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
5 years Ago
Up