သမ္မတထရမ့်ပြော

July 19, 2019

အီရန်ဒရုန်းယာဉ်ကို အမေရိကန်စစ်သင်္ဘော ပစ်ချခဲ့ဟု သမ္မတထရမ့်ပြော

ဟော်ဇ်မုခ်ရေလက်ကြားအတွင်း အီရန်ဒရုန်းယာဉ်ကို အမေရိကန်စစ်သင်္ဘောက ပစ်ချလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၈ ရက်နေ့မှာ ပြောပါတယ်။ သမ္မတ ထရမ့်က အီရန် ဒရုန်းယာဉ်ဟာ အမေရိကန်စစ်သင်္ဘော USS Boxer နဲ့ ကိုက် ၁၀၀၀ လောက် ချဉ်းကပ်လာပြိး နောက်ပြန်သွားဖို့ သတိပေးတာကို လစ်လျူရှုခဲ့တယ်လို့ ဆိုပါတယ်။ ထရမ့်က ဒရုန်းယာဉ်ဟာ စစ်သင်္ဘောနဲ့ သင်္ဘောအမှုထမ်းတွေကို ခြိမ်းခြောက်နေတာကြောင့် ချက်ချင်း ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောပါတယ်။ ထရမ့်က အမေရိကန်ဟာ မိမိအမှုထမ်း၊ မိမိယာဉ်နဲ့ အကျိုးစီးပွားကာကွယ်ခွင့်ကို ကျင့်သုံးပြီး ရေကြောင်းသွားလာမှုနဲ့ ကမ္ဘာ့ကုန်သွယ်ရေး လွတ်လပ်မှုအပေါ် အီရန်နှောင့်ယှက် ကြိုးပမ်းပမ်းမှုအား နိုင်ငံအားလုံးက ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းလိုက်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာအိဖ်ကတော့ နယူးယောက်မြို့ကို လာရောက်ချိန်မှာ ဒရုန်းယာဉ် ပစ်ချခံရမှုကို မသိရှိကြောင်း  ပြောသွားခဲ့ပါတယ်။
3 years Ago

July 6, 2019

ရွှေ့ပြောင်းလာသူ ထိန်းသိမ်းရေးစခန်းများကို ကောင်းမွန်စွာကိုယ်တွယ်ဟု သမ္မတထရမ့်ပြော

ရွှေ့ပြောင်းလာသူ ထိန်းသိမ်းရေး စခန်းတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၅ ရက်နေ့မှာ ကာကွယ်ပြောလိုက်ပါတယ်။ အမေရိကန်-မက္ကဆီကို နယ်စပ်က ထိန်းသိမ်းရေးစခန်းတွေဟာ လူနေမှု အခြေအနေတွေ ဆိုးရွားနေတယ်ဆိုပြိး ဒီမိုကရက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ပြီးနောက်မှာ သမ္မတ ထရမ့်က ထိန်းသိမ်းရေးစခန်းတွေဟာ သန့်ရှင်းကောင်းမွန်တယ်လို့ သတင်းထောက်တွေကို  ပြောပါတယ်။ တက္ကဆက်ပြည်နယ် ရီယိုဂရန်ဒေး ဗယ်လီက ထိန်းသိမ်းရေးစခန်းတွေမှာ ရှိသင့်တဲ့ လူဦးရေထက်  နှစ်ဆများနေတဲ့ ဓာတ်ပုံတွေကို အမိမြေလုံခြုံရေးဌာန စုံစမ်းရေးမှူးချုပ်က ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်က တရားမ၀င်လာရင်တော့ လူပြည့်ကျပ်မှာပဲလို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ထရမ့်က နယ်စပ်ကင်းလှည့်အဖွဲ့ကို ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သန့်ရှင်းရေး ၀န်ထမ်းတွေလို သင်တန်းပေးထားတာ မဟုတ်ဘဲ  သူတို့ဟာ သူတို့ရဲ့အဓိကအလုပ်ကို လုပ်နေတာလို့ ပြောပါတယ်။
3 years Ago
More News
Up