သမ္မတထရမ့်ကို

October 12, 2017

သမ္မတထရမ့်ကို ဝေဖန်ထားသည့် ကမ္ဘာကျော်ရက်ပ်အဆိုတော်သီချင်း ရေပန်းစား (ရုပ်သံ)

by dvburma ကမ္ဘာကျော် ရက်ပ်အဆိုတော် အန်မီနန် (Eminem) ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လူမျိုးရေးခွဲခြားသူ၊ ဆင်ခြင်စဉ်းစားဉာဏ် ကင်းမဲ့သူအဖြစ် ပြစ်တင်ဝေဖန်ထားတဲ့ ရက်ပ်သီချင်းဗွီဒီယိုဖိုင်ကို အောက်တိုဘာ ၁၁ ရက်က ထုတ်လွှင့်ပြသခဲ့ပါတယ်။ ယူကျုမှာ လူကြည့်အများဆုံး ဗွီဒီယိုဖိုင်တဖိုင် ဖြစ်လာတဲ့ အန်မီနန်ရဲ့ အဲဒီရက်ပ်သီချင်းကို Black Entertainment Television Hip Hop Awards ဆုပေးပွဲမှာလည်း ပြသခဲ့တာပါ။ အန်မီနန်ရဲ့ ရက်ပ်သီချင်းစာသားထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ “လူမျိုးရေးခွဲခြားမှုနဲ့ ပျော်ပါးကျေနပ်နေသူ” လို့ ရေးဖွဲ့သီဆိုခဲ့ပါတယ်။ အချိန် ၄ မိနစ်စာရှိတဲ့ အဲဒီသီချင်းဗွီဒီယိုဖိုင်ကို ဒက်ထရွိုက်က ကားပါကင်မှာ သီဆိုရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ရက်ပ်သီချင်းစာသားထဲမှာ သူ့ပရိသတ်တွေအနေနဲ့ “သူ့ကိုထောက်ခံမလား၊ သမ္မတထရမ့်ကို ထောက်ခံမလား” ဆိုတာ ရွေးချယ်ရမယ်လို့လည်း ထည့်သွင်းသီဆိုသွားတာပါ။ အန်မီနန်ရဲ့ ဒီသီချင်းနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်ကို မေးမြန်းရာမှာတော့ တုံ့ပြန်မှုတစုံတရာ မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up