သမ္မတထရမ့်

June 18, 2019

တရားမ၀င် နေရပ်ရွှေ့ပြောင်းသူများကို လာမည့်အပတ် ဖယ်ရှားမည်ဟု သမ္မတထရမ့်ပြော

အမေရိကန်နိုင်ငံထဲက သန်းချီတဲ့ တရားမ၀င် နေရပ်ရွှေ့ပြောင်းသူတွေကို လာမယ့်အပတ်ကစပြီး ဖယ်ရှားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အေဂျင်စီ (ICE) အဖွဲ့က ဦးဆောင်ပြီး အမေရိကန်နိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်တဲ့ သန်းနဲ့ချီတဲ့သူတွေကို ဖယ်ရှားသွားမယ်လို့ ထရမ့်က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာပါ။ အမေရိကန်နိုင်ငံထဲမှာ တရားမ၀င်နေရပ်ရွှေ့ပြောင်းသူအရေအတွက် ခန့်မှန်းခြေ ၁၂ သန်းလောက်ရှိပြီး အများစုက မက္ကဆီကိုနဲ့ ဗဟိုအမေရိက နိုင်ငံတွေကပါ။ အမေရိကန်ကို ဦးတည်ခရီးနှင်လာတဲ့ ဗဟိုအမေရိက နေရပ်ရွှေ့ပြောင်းသူတွေ စီးဝင်တာကို ထိန်းချုပ်ပေးမယ်ဆိုရင် အမေရိကန်က မက္ကဆီကို သွင်းကုန်တွေ အပေါ်မှာ အခွန် ၅ ရာခိုင်နှုန်း တိုးမြင့်စည်းကြပ်တာကို ဖြေလျော့ပေးဖို့ အခုလအစောပိုင်းက အမေရိကန်နဲ့ မက္ကဆီကိုတို့ သဘောတူခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်အရ အမေရိကန်နဲ့နယ်စပ်မှာ မက္ကဆီကိုအစိုးရက အမေရိကန်နဲ့နယ်စပ်မှာ အမျိုးသားအစောင့်တပ် စစ်သားတွေကို နေရာချထားပြီး လုံခြုံရေး တိုးမြှင့်ထားပါတယ်။
2 years Ago

February 2, 2019

နယ်စပ်တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေအတွက် အထူးအာဏာသုံးခွင့်ရှိဟု သမ္မတထရမ့်ပြော

မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေအတွက် အထူးအာဏာအသုံးပြုဖို့ အခွင့်အလမ်းရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အိမ်ဖြူတော် အစည်းအဝေးမှာ သမ္မတ ထရမ့်က ဒီမိုကရက်တွေနဲ့ဆိုရင် ခရီးတွင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ နယ်စပ်တံတိုင်းရန်ပုံငွေ နဲ့ ပတ်သက်လို့ ဒီမိုကရက်တွေက အကြီးအကျယ် ပိတ်ပင် ဟန့်တားနေတယ်လို့ ဆိုပါတယ်။ လူဝင်မှု ကြီးကြပ်ရေးမူဝါဒနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်နဲ့ ဒီမိုကရက်တွေအကြား သဘောတူညီချက် မရဖြစ်နေတာပါ။ ဒီအတွက် သမ္မတ ထရမ့်က အထူးအာဏာအသုံးပြုမယ့် အခွင့်အလမ်းရှိတယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအရ ကွန်ဂရက်ဟာ နိုင်ငံတော် အသုံးစရိတ်ရန်ပုံငွေကို ထိန်းချုပ်ပြီး အခွန်ထမ်း ရန်ပုံငွေတွေရဲ့ အဓိက အသုံးစရိတ်တွေကို အတည်ပြုပေးပါတယ်။
3 years Ago
Up