သမ္မထရမ့်

A d v e r t i s e m e n t With Us

January 18, 2021

သမ္မထရမ့် ရာထူးကဆင်းပြီးချိန်တွင် တရားစီရင်ခံရတာမျိုး မမြင်လိုဟု FBI ညွှန်မှူး ဟောင်းပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးက ဆင်းပြီးချိန်မှာ သူ့ကို စွပ်စွဲပြစ်တင်ပြီး အစိုးရ ရာထူးတွေ ထပ်မယူနိုင်အောင် တားမြစ်တာကို မြင်ချင်ပေမယ့် ရာဇဝတ်မှုတွေနဲ့ တရားစီရင်ခံရတာမျိုးကိုတော့ မမြင်ချင်ဘူးလို့ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို FBI ရဲ့ ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေက ဇန်နဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ ထရမ့်ဟာ အမေရိကန် ပြည်သူတွေရဲ့ ထောက်ခံမှုကိုရဖို့ အလိမ်အညာတွေအပေါ် မှီခိုနေရတဲ့ နတ်တပိုင်း လူတပိုင်းပုဂ္ဂိုလ်လို့ ကိုမေက စကိုင်းနယူးစ် သတင်းဌာနနဲ့ လူတွေ့ မေးမြန်းချိန်မှာ ပြောပါတယ်။ ကိုမေက “ထရမ့်ဟာ ဖလော်ရီဒါပြည်နယ်က အိမ်ရဲ့မြက်ခင်းမှာ ရပ်ပြီး ရေချိုးဝတ်စုံကြီး ဝတ်ပြီး ကားတွေကို အော်ဟစ်နေနိုင်တယ်။ ကျနော်တို့ တယောက်မှ သူ့အသံကို မကြားဘူး။ ဒီအခြေအနေဟာ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်ကောင်းဖြစ်မယ်” လို့ ပြောပါတယ်။ ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် အောက်လွှတ်တော်ကို ဝင်မစီးခင်မှာ ပြောတဲ့ ထရမ့်ရဲ့ မိန့်ခွန်းအတွက် ဆူပူအုံကြွ တော်လှန်ဖို့ သွေးထိုးမှုနဲ့ ထရမ့်ကို စွပ်စွဲ ပြစ်တင်တရားစွဲဖို့ အောက်လွှတ်တော်က ဇန်နဝါရီ ၁၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဇန်နဝါရီ ၆ ရက်က အောက်လွှတ်တော်ကို တိုက်ခိုက်မှုကြောင့် လူ ၅ ယောက် သေဆုံးပြီး ထရမ့်ဟာလည်း ဒုတိယအကြိမ် စွပ်စွဲ ပြစ်တင်ခံခဲ့ရပါတယ်။ လွှတ်တော်အမတ်တွေက ထရမ့် နောက်တကြိမ် သမ္မတအဖြစ် ဝင်မပြိုင်နိုင်တော့အောင် တားနိုင်ပေမယ့် ထရမ့်ရဲ့ သမ္မတသက်တမ်းအတွင်း တရားရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ထင်ကြေးပေးထားပါတယ်။
1 month Ago

January 8, 2021

ဘိုင်ဒင်၏ရွေးကောက်ပွဲအနိုင်ရမှု သမ္မထရမ့် ပထမဆုံး အသိအမှတ်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို ပထမဆုံးအကြိမ်  အသိမှတ်ပြုခဲ့ပြီး ကွန်ဂရက်လွှတ်တော် အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တဲ့ အကျဉ်းတန် တိုက်ခိုက်မှုကို ဇန်နဝါရီ ၇ ရက်မှာ  ပြစ်တင်ရှုတ်ချလိုက်ပါတယ်။  သမ္မတ ထရမ့်က အဓိကရုဏ်းသမားတွေဟာ အမေရိကန်ဒီမိုကရေစီဌာနီကို ဖျက်ဆီးခဲ့ တယ်လို့ ပြောဆိုသလို  ချောချောမွေ့မွေ့ အာဏာလွှဲရေးကို အခုချိန်မှာ သူ အလေးထား သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။  ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ လချီ ပြောဆိုလာတဲ့ ထရမ့်အဖို့  ဒီကြေညာချက်ဟာ လုံး၀ ကပြောင်းကပြန် ဖြစ်သွားပါတယ်။  ကွန်ဂရက်လွှတ်တော်အဆောက်အအုံတိုက်ခိုက်ခံရအပြီးမှာ  ထိပ်တန်းဒီမိုကရက်တွေက သမ္မတ ထရမ့်ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုခဲ့ပြီးနောက်  ထရမ့်ရဲ့  အခုလို မှတ်ချက်စကား ထွက်ပေါ်လာတယ်လို့လည်း  ရိုက်တာက ဖော်ပြပါတယ်။ 
2 months Ago
Up