သမ္မတ အဆိုပြု

August 17, 2019

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ရွှေ့ပြောင်းရန် သမ္မတ အဆိုပြု

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ကို လူဦးရေ ထူထပ်တဲ့ ဂျာဗားကျွန်း ဂျာကာတာမြို့ကနေ ဘော်နီယိုကျွန်းပေါ်က ကာလီမန်တန်ဒေသဆီကို ရွှေ့ပြောင်းမယ့် အစီအစဉ်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက လွှတ်တော်အစည်းအဝေးမှာ သြဂုတ် ၁၆ ရက်က အဆိုပြုခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ မတိုင်ခင် တရက်အလိုမှာ သမ္မတ ဝီဒိုဒိုက မြို့တော်ရွှေ့ပြောင်းဖို့ အဆိုပြုခဲ့တာပါ။  သမ္မတ ဝီဒိုဒိုဟာ ပြီးခဲ့တဲ့လက အင်ဒိုနီးရှားရွေးကောက်ပွဲမှာ ဒုတိယအကြိမ် ရွေးကောက်ခံခဲ့ရပါတယ်။   သူဟာ မေလက ကာလီမန်တန်ဒေသက မဲဆန္ဒမြို့နယ်သုံးခုကိုလည်း ကိုယ်တိုင် သွားရောက်ခဲ့ပါသေးတယ်။  ဒါပေမယ့် မြို့တော်အသစ်ကို ဘယ်နေရာမှာတည်မယ်ဆိုတာကိုတော့ သမ္မတက တိတိကျကျ မပြောသွားခဲ့ပါဘူး။  လက်ရှိမြို့တော် ဂျာကာတာမှာ လူဦးရေ ၁၀ သန်းနေထိုင်ကြတယ်။ အဲဒီပမာဏဟာ ပတ်ဝန်းကျင်မြို့တွေက လူဦးရေထက် သုံးဆများပါတယ်။  ဒါ့ကြောင့် မြို့တော် ဂျာကာတာမှာ ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပြီး နှစ်စဉ် စီးပွားရေးအရ  အမေရိကန်ဒေါ်လာ ၇ ဘီလီယံဝန်းကျင် ဆုံးရှုံးနေတယ်လို့ အင်ဒိုနီးရှား အစိုးရက ခန့်မှန်းပါတယ်။
Zawgyi Version အင္ဒိုနီးရွားႏိုင္ငံ ၿမိဳ႕ေတာ္ ေ႐ႊ႕ေျပာင္းရန္ သမၼတ အဆိုျပဳ DVB အင္ဒိုနီးရွားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ကို လူဦးေရ ထူထပ္တဲ့ ဂ်ာဗားကြၽန္း ဂ်ာကာတာၿမိဳ႕ကေန ေဘာ္နီယိုကြၽန္းေပၚက ကာလီမန္တန္ေဒသဆီကို ေ႐ႊ႕ေျပာင္းမယ့္ အစီအစဥ္ကို အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုက လႊတ္ေတာ္အစည္းအေဝးမွာ ၾသဂုတ္ ၁၆ ရက္က အဆိုျပဳခဲ့ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ၇၄ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ မတိုင္ခင္ တရက္အလိုမွာ သမၼတ ဝီဒိုဒိုက ၿမိဳ႕ေတာ္ေ႐ႊ႕ေျပာင္းဖို႔ အဆိုျပဳခဲ့တာပါ။ သမၼတ ဝီဒိုဒိုဟာ ၿပီးခဲ့တဲ့လက အင္ဒိုနီးရွားေ႐ြးေကာက္ပြဲမွာ ဒုတိယအႀကိမ္ ေ႐ြးေကာက္ခံခဲ့ရပါတယ္။ သူဟာ ေမလက ကာလီမန္တန္ေဒသက မဲဆႏၵၿမိဳ႕နယ္သုံးခုကိုလည္း ကိုယ္တိုင္ သြားေရာက္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ၿမိဳ႕ေတာ္အသစ္ကို ဘယ္ေနရာမွာတည္မယ္ဆိုတာကိုေတာ့ သမၼတက တိတိက်က် မေျပာသြားခဲ့ပါဘူး။ လက္ရွိၿမိဳ႕ေတာ္ ဂ်ာကာတာမွာ လူဦးေရ ၁၀ သန္းေနထိုင္ၾကတယ္။ အဲဒီပမာဏဟာ ပတ္ဝန္းက်င္ၿမိဳ႕ေတြက လူဦးေရထက္ သုံးဆမ်ားပါတယ္။ ဒါ့ေၾကာင့္ ၿမိဳ႕ေတာ္ ဂ်ာကာတာမွာ ဆိုး႐ြားတဲ့ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ျဖစ္ေပၚေနၿပီး ႏွစ္စဥ္ စီးပြားေရးအရ အေမရိကန္ေဒၚလာ ၇ ဘီလီယံဝန္းက်င္ ဆုံးရႈံးေနတယ္လို႔ အင္ဒိုနီးရွား အစိုးရက ခန႔္မွန္းပါတယ္။
2 years Ago
Up