အယ်ဂျီးရီးယားအခြေခံဥပဒေရေးဆွဲဖို့ စတင်တိုင်ပင်ဆွေးနွေးသွားမယ်လို့ ရွေးကောက်ခံ သမ္မတ အက်ဘ်ဒယ်မဂျစ်တယ်ဘွန်းက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
သွင်းကုန်အသုံးစရိတ် လျှော့ချမယ့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားမယ့်အပြင် ရေးဆွဲပြီးတဲ့အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲ လုပ်သွားမှာဖြစ်ပြီး အတိုက်အခံဆန္ဒပြအဖွဲ့ ကိုလည်း တွေ့ဆုံညှိနှိုင်းဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ သမ္မတတယ်ဘွန်းဟာ အယ်ဂျီးရီးယားနိုင်ငံကို နှစ်ပေါင်းများ စွာအုပ်ချုပ်လာတဲ့ စစ်ဘက်ကျောထောက်နောက်ခံပြု အထက်တန်းလွှာအပေါ် အကြွေးတင်နေ သူအဖြစ် ရှုမြင်ပါတယ်။
မြို့တော်အယ်ဂျီရာမှာ လူထောင်ချီစုဝေးပြီး အယ်ဂျီးရီးယားခေါင်းဆောင်သစ်အနေနဲ့ ပုန်ကန်မှုတွေ လျော့နည်းအောင် ကြိုးပမ်းရနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဧပြီလတုန်းက အယ်ဂျီးရီးယားပြည်သူတွေဟာ နိုင်ငံကို အနှစ် ၂၀ ကျော် အုပ်ချုပ်လာတဲ့ သမ္မတ ဘူတယ်ဖလီကာကို ရာထူးကနေ ဖယ်ရှားပစ်ခဲ့ပါတယ်။
1 year Ago