သမ္မတ ရှီကျင့်ဖျင်

A d v e r t i s e m e n t With Us

March 11, 2020

ရောဂါခြေချုပ်ဖြင့်နေရသည့် ဝူဟန်ဒေသခံများထံ တရုတ်သမ္မတ ရှီကျင့်ဖျင် သွားရောက်

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မတ် ၉ ရက်က ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန်မြို့ကို ရောက်လာပြီး အိမ်တွေမှာ ရောဂါခြေချုပ်နဲ့နေတဲ့ ဒေသခံတွေဆီ သွားရောက် လည်ပတ်ပါတယ်။ သမ္မတရှီဟာ ဟောင်ရှန့်ရှန်းဆေးရုံကိုလည်း သွားရောက်ပြီး ရောဂါကူးစက်မှု ဟန့်တားထိန်းချုပ်ပုံတွေကို စစ်ဆေးခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ်နဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှီဟာ လူ့အဖွဲ့အစည်းအခြေပြု ကူးစက်မှု တားမြစ်ထိန်းချုပ်ရေး အားထုတ်ချက်တွေကိုလည်း လေ့လာခဲ့ပြီး ပြည်သူတွေ နေ့စဉ် လိုအပ်ချက်တွေကို ပံ့ပိုးဖြန့်ဖြူးတာ သေချာရဲ့လား ဆိုတာကိုလည်း လေ့လာခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို ကျေးဇူးတင်ကြောင်းလည်း တရုတ်သမ္မတက ပြောပါတယ်။ မတ် ၁၁ ရက် မနက် ၁၀ နာရီအထိ အတည်ပြုထားတဲ့ အချက်အလက်တွေအရ ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၁၁၉ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၂၀၀၀၀ လောက် ရှိနေတာပါ။ ကူးစက်ခံရသူ ၆၇၀၀၀ နီးပါး နေပြန်ကောင်းလာပြီး ၄၂၉၈ ယောက် သေဆုံးခဲ့ပါတယ်။
12 months Ago
Up