ထိုင်ဝမ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှန်းယီမင် သေဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းဖို့ သမ္မတ စိုင်းအင်ဝမ်က ဇန်နဝါရီ ၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
သမ္မတ စိုင်းအင်ဝမ်က လူတိုင်းလေစားရတဲ့ စစ်ဦးစီးချုပ် ရှန်းယီမင် အပါအဝင် ထူးချွန်တဲ့ အရာရှိတွေ သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းဖွယ် နေ့ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ပြီးသွားတာနဲ့ ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်း စုံစမ်းစစ်ရေးကို ချက်ချင်းလုပ်ဆောင်ဖို့ ကာကွယ်ရေးဝန်ကြီးကို တိုက်တွန်းတယ်လို့ ပြောပါတယ်။
ရဟတ်ယာဉ်ပျက်မကျမှုမှာ ဗိုလ်ချုပ်ကြီး ရှန်းယီမင်အပါအဝင် လူ ၈ ယောက်သေဆုံးပြီး ၅ ယောက် အသက်ရှင်ခဲ့ပါတယ်။
ရှန်းယီမင် လိုက်ပါသွားတဲ့ Black Hawk အမျိုးအစားရဟတ်ယာဉ်ဟာ ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက မြို့တော် တိုင်ပေအနီး တောင်ထူထပ်ရာနေရာမှာ ပျက်ကျခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ရှန်းယီမင်ဟာ စစ်ဦးစီးချုပ်တာဝန်ကို ၂၀၁၈ ဇူလိုင်လမှာ စတင်ယူခဲ့ပြိး တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့သူတွေထဲမှာ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီး ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
1 year Ago