သမ္မတ ဂျိုကိုဝီဒိုဒို

August 27, 2019

အင်ဒိုနီးရှားမြို့တော်ကို ကာလီမန်တန်သို့  ရွှေ့ပြောင်းမည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုပြော  

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ကို ဂျာကာတာကနေ ဘိုနီယိုကျွန်းရှိ ကာလီမန်တန်ပြည်နယ် ဆီကို ရွှေ့ပြောင်းမယ့် အစီအစဉ်ကို သမ္မတ ဂျိုကို ဝီဒိုဒိုက သြဂုတ် ၂၆ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။  ဂျာဗားကျွန်း မြောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ အင်ဒိုနီးရှားရဲ့ လက်ရှိမြို့တော် ဂျာကာတာဟာ ပထဝီအနေအထားအရ ပင်လယ်ရေအောက်ကို တဖြည်းဖြည်း နိမ့်ဆင်းလာတဲ့အပြင် လူဦးရေ အင်မတန် ထူထပ်နေပါတယ်။ ဒါကြောင့် ဘိုနီယိုကျွန်းအရှေ့ ကာလီမန်တန် ပြည်နယ်မှာ မြို့တော်အသစ် တည်မှာပါ။ အခုချိန်ထိ နာမည်မပေးရသေးပါဘူး။ အင်ဒိုနီးရှား ပိုင်နက်ထဲက ဘော်နီယိုကျွန်း ကာလီမန်တန်ပြည်နယ်ဆီကို အစိုးရ အုပ်ချုပ်ရေးအဖွဲ့ ရွှေ့ပြောင်းမယ့် အစီအစဉ်ကို သမ္မတ ဝီဒီုဒိုက အခုလ အစောပိုင်းကတည်းက လွှတ်တော်မှာ  အဆိုပြုခဲ့တာပါ။ ဘော်နီယိုကျွန်းဟာ မိုးသစ်တောတွေ၊ ကျောက်မီးသွေး သတ္တုတွင်းတွေနဲ့ ရှားပါးလူဝံမျိုးစိတ်တွေ နေထိုင်တာကြောင့် လူသိများပြီး လူဦးရေ ၁၆ သန်း နေထိုင်ကြပါတယ်။  ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး မြို့တမြို့ ဖြစ်တဲ့ ဂျာကာတာမြို့ဟာ ပတ်ဝန်းကျင်မြို့တွေထက် လူဦးရေ သုံးဆလောက် ပိုများနေပါတယ်။ ဒါ့အပြင် သန်းချီတဲ့ မြို့ခံတွေဟာ မြေအောက်ရေ သုံးကြတာကြောင့် ဂျာကာတာမြို့ဟာ မကြာခဏ ရေကြီးရေလျှံနေပြီး ရေအောက်ကို တဖြည်းဖြည်း ကျွံဆင်းလာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဓာတ်ပုံ- AP ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အင္ဒိုနီးရွားၿမိဳ႕ေတာ္ကို ကာလီမန္တန္သို႔  ေ႐ႊ႕ေျပာင္းမည္ဟု သမၼတ ဂ်ိဳကိုဝီဒိုဒိုေျပာ  အင္ဒိုနီးရွားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ကို ဂ်ာကာတာကေန ဘိုနီယိုကြၽန္းရွိ ကာလီမန္တန္ျပည္နယ္ ဆီကို ေ႐ႊ႕ေျပာင္းမယ့္ အစီအစဥ္ကို သမၼတ ဂ်ိဳကို ဝီဒိုဒိုက ၾသဂုတ္ ၂၆ ရက္ေန႔မွာ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဂ်ာဗားကြၽန္း ေျမာက္ဘက္ကမ္း႐ိုးတန္းမွာရွိတဲ့ အင္ဒိုနီးရွားရဲ႕ လက္ရွိၿမိဳ႕ေတာ္ ဂ်ာကာတာဟာ ပထဝီအေနအထားအရ ပင္လယ္ေရေအာက္ကို တျဖည္းျဖည္း နိမ့္ဆင္းလာတဲ့အျပင္ လူဦးေရ အင္မတန္ ထူထပ္ေနပါတယ္။ ဒါေၾကာင့္ ဘိုနီယိုကြၽန္းအေရွ႕ ကာလီမန္တန္ ျပည္နယ္မွာ ၿမိဳ႕ေတာ္အသစ္ တည္မွာပါ။ အခုခ်ိန္ထိ နာမည္မေပးရေသးပါဘူး။ အင္ဒိုနီးရွား ပိုင္နက္ထဲက ေဘာ္နီယိုကြၽန္း ကာလီမန္တန္ျပည္နယ္ဆီကို အစိုးရ အုပ္ခ်ဳပ္ေရးအဖြဲ႕ ေ႐ႊ႕ေျပာင္းမယ့္ အစီအစဥ္ကို သမၼတ ဝီဒီုဒိုက အခုလ အေစာပိုင္းကတည္းက လႊတ္ေတာ္မွာ  အဆိုျပဳခဲ့တာပါ။ ေဘာ္နီယိုကြၽန္းဟာ မိုးသစ္ေတာေတြ၊ ေက်ာက္မီးေသြး သတၱဳတြင္းေတြနဲ႔ ရွားပါးလူဝံမ်ိဳးစိတ္ေတြ ေနထိုင္တာေၾကာင့္ လူသိမ်ားၿပီး လူဦးေရ ၁၆ သန္း ေနထိုင္ၾကပါတယ္။ ကမာၻ႔လူဦးေရ အထူထပ္ဆုံး ၿမိဳ႕တၿမိဳ႕ ျဖစ္တဲ့ ဂ်ာကာတာၿမိဳ႕ဟာ ပတ္ဝန္းက်င္ၿမိဳ႕ေတြထက္ လူဦးေရ သုံးဆေလာက္ ပိုမ်ားေနပါတယ္။ ဒါ့အျပင္ သန္းခ်ီတဲ့ ၿမိဳ႕ခံေတြဟာ ေျမေအာက္ေရ သုံးၾကတာေၾကာင့္ ဂ်ာကာတာၿမိဳ႕ဟာ မၾကာခဏ ေရႀကီးေရလွ်ံေနၿပီး ေရေအာက္ကို တျဖည္းျဖည္း ကြၽံဆင္းလာတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ဓာတ္ပုံ- AP
2 years Ago
Up