သမ္မတဦးဝင်းမြင့်

February 15, 2021

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို ယခုလ ၁၇ ရက်အထိ ချုပ်ရက် ရမန်ယူထား

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ချုပ်ရက် ရမန်ယူထားပြီး အန်အယ်လ်ဒီသဘာပတိ   ဦးဝင်းထိန်ကတော့  ၁၉ ရက်နေ့အထိ ရမန်ယူထားတယ်လို့  ရှေ့နေက ပြောပါတယ်။

“ဒီနေ့ ရမန်ရက်ကုန်ပြီလို့သိရတာကြောင့်လာခဲ့ပေမယ့် ချုပ်ရမန်ကျန်သေးတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

“ဒီနေ့ ရမန်ကုန်တဲ့ရက်ဆိုပြီးတော့ လာတာပါ။ ခရိုင်တရားသူကြီးနဲ့ ကျနော်တို့ဆွေးနွေးပါတယ်။ သူ့ပြောပြချက်အရဆိုရင် ရမန်က ၁၇ ရက်နေ့အထိ ယူထားတာပါတဲ့။ ဒီနေ့ မဟုတ်ပါဘူးတဲ့။ တင်မယ်ဆိုရင်လည်း ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ တင်ပါ တဲ့။ နောက် တခါ Video Conferencing နဲ့ လုပ်မှာပါ တဲ့”

ဒီနေ့ ရုံးထုတ်မယ်ဆိုတဲ့ သတင်းတွေအရ ဒက္ခိဏခရိုင်တရားရုံးကို လာရောက်တာဖြစ်ပြီး တရားသူကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ရာမှာ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်ထိန်တို့ ၃ ‌ယောက်က ရှေ့နေငှားခွင့်ရှိလားလို့ မေးထားပြီး ငှားခွင့်ရှိပါတယ်လို့ ပြန်ဖြေထားကြောင်းလည်း သူက ပြောပါတယ်။

တရားရုံးအနေနဲ့ ရှေ့နေပါမှ အမှုကို ဆက်သွားလို့ရမယ်လို့လည်း ပြောပါတယ်။ အန်အယ်ဒီ သဘာပတိ ဦးဝင်းထိန်ကိုလည်း ၁၉ ရက်နေ့အထိ ရမန်ယူထားပြီး ဘယ်ရုံးလဲ မသိသေးပါဘူး။

သမ္မတအပါအဝင် ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဖို့လည်း ထပ်ဖို့ ကြိုးစားမယ်လို့ သူက ပြောပါတယ်။

3 months Ago

February 7, 2021

ဦးဝင်းမြင့်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေအိမ်အသီးသီးတွင် ကျန်းမာစွာရှိနေဟု NLD ပြော

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီ  ခေါင်းဆောင်တစ်ချို့ဟာ နေပြည်တော်ရှိ နေအိမ်တွေမှာ နေအိမ်အကျယ်ချုပ်နဲ့ ကျန်းမာစွာ ရှိနေတယ်လို့  NLD ပါတီဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက အသိပေးပြောကြားပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အထိ အတည်ပြုသတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်အမှတ်(၃၃)၊ ဦးဝင်းမြင့်ဟာ အိမ်အမှတ်(၂၉)၊ ဒေါက်တာမျိုးအောင် (နေပြည်တော် ကောင်စီဥက္ကဋ္ဌ) ဟာ အိမ်အမှတ် (၃၄) တို့မှာ ကျန်းမာစွာရှိနေကြတယ်လို့  ဦးကြည်တိုးက သူ့ရဲ့ facebook စာမျက်နှာမှတဆင့် အသိပေးထားပါတယ်။ 

ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ ဒီချုပ်သဘာပတိဝင် ဦးဝင်းထိန်အား လက်ရှိ ထိန်းသိမ်းထားတဲ့နေရာကို မသိရသေးပေမဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၆ ရက်နေ့ညပိုင်းက နိုင်ငံတော်အတိုင်ပင်ခံ ပြန်လည်လွတ်မြောက်လာတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပြီး  စိတ်ဓာတ်စစ်ဆင်ရေးသတင်းတွေကို မယုံကြည်ကြဖို့  NLD ပါတီက ဆိုပါတယ်။

3 months Ago
More News
Up