သမ္မတအိမ်ဖြူတော်

June 24, 2020

အမေရိကန် သမ္မတအိမ်ဖြူတော် အပြင်ဘက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

အမေရိကန်သမ္မတ အိမ်ဖြူတော်အပြင်ဘက်မှာ ဇွန် ၂၃ ရက်က ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ အိမ်ဖြူတော်အနားက လာဖှေးယတ်ရင်ပြင်မှာရှိတဲ့ အမေရိကန် သမ္မတဟောင်း အန်ဒရူးဂျက်ဆင်ရဲ့ ရုပ်တုကို ဆန္ဒပြသူတွေက ညတွင်းချင်း ဖယ်ရှားဖို့ ကြိုးစားပြီးတဲ့နောက် ခုလို ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။ အမျိုးသားတယောက်ကို ရဲက ငရုတ်ကောင်းရည်နဲ့ ပက်ဖျန်းခဲ့ပုံရပြီး နောက်ပိုင်းမှာ သူက ရဲတွေဆီ ထိုင်ခုံတလုံး သယ်လာခဲ့ချိန်မှာ သူ့ကို ဖမ်းခဲ့ပါတယ်။ အဲဒီနောက် ဒါဇင်နဲ့ချီတဲ့ ရဲအရာရှိတွေဟာ ဆန္ဒပြသူတွေကို အိမ်ဖြူတော်နဲ့ ဝေးရာဆီ ရောက်အောင် ဆက်ပြီး ကြိုးစားခဲ့ကြပါတယ်။ အမေရိကန်မှာ လက်နက်မဲ့ လူမည်းအမျိုးသားကို ရဲက ဖမ်းဆီးချိန် သေဆုံးခဲ့မှု နောက်ပိုင်းမှာ ‘လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ်’လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုအတွင်း ပြည်လုံးကျွတ် ဆန္ဒပြနေကြတာပါ။ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ဘေး ဖြစ်ပွားနေဆဲအချိန်မှာ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေရဲ့ ရက်စက်မှုကို ဆန့်ကျင်ရေး လှုပ်ရှားမှုဟာလည်း ကမ္ဘာတဝန်း ပျံ့နှံ့ ကူးစက်သွားခဲ့ပါတယ်။
11 months Ago
Up